ဝေဖန်ရေးရာ ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – အစိုးရ၀န်ထမ်းများနဲ့ လက်ရှိမြန်မာ့အရေး အကောင်းမြင်ကြည့်ခြင်း

ဇော်အောင်(မုံရွာ) – အစိုးရ၀န်ထမ်းများနဲ့ လက်ရှိမြန်မာ့အရေး အကောင်းမြင်ကြည့်ခြင်း
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၅

မြန်မာများ ”ဦးရွှေမန်း အုပ်စု အာဏာရပါတီက ဖယ်ရှားခံရလို့”  စိတ်ဝင်တစား အခုပြန်စနေတဲ့ လွှတ်တော်ကို စောင့်ကြည့်နေပါတယ်။ တိုင်းပြည်ရေဘေးကြီး ဖြစ်နေချိန်  ထပ်ဆင့် စိတ်ပျက်စရာ သတင်းတခုပါ။

သတင်းကောင်းကတော့  အစိုးရဝန်ထမ်းတွေ ကျောင်းဆရာတွေ လာဘ်မစားအောင် လစာ လုပ်ပိုင်ခွင့်တွေ ပံ့ပိုးပေးနေတဲ့ သတင်းကောင်းပါ။ မြန်မာ လူငယ်များ နိုင်ငံခြားပညာသင် အထူးသဖြင့် အမေရိကန် ပညာသင်ဆုများစွာ ရရှိရေး လုပ်ဆောင်နေမှုများ ဖြစ်ပါတယ်။ ပိုက်ဆံရှိသူများပဲ နိုင်ငံခြားပညာသင်သွား စာမေးပွဲကျပြီး ပြန်လာနေချိန် ပညာတကယ် ကြိုးစားသူ မြန်မာလူငယ်များ နိုင်ငံခြားပညာသင်ခွင့်ကို ရသင့်ပါတယ်။

ခပ်ပျော်ပျော် နေလိုက်ရင်လဲ ကောင်းသလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတဲ့ ကြံ့ဖွံ့အမတ် စစ်ဗိုလ်ဟောင်း  ဘူးလက် လှဆွေ ခပ်ပျော်ပျော်နေတယ်။ စစ်ဗိုလ်ဟောင်း ဆိုပေမဲ့လည်း အစိုးရ ကောင်းသတင်းလေးတွေလဲ သူ ဖေ့ဘုတ် တွေ့နိုင်ပါတယ်။

” ဝန်ထမ်းတွေ နိုင်ခြား အလည်သွားခွင့် ရပြီ။ ဘွဲ့လွန်ကျောင်းတွေလဲ နိုင်ငံခြာသွားတက်ခွင့်ရပြီ။ ပြန်လာရင် မူလရာထူးမှာပဲ ဆက်လုပ်ခွင့် ရပြီ တဲ့”။

အလွန်ကောင်းလှပါတယ်။ လူငယ်ဝန်ထမ်းများကို သူတို့အထက်လူကြီးများ နိုင်ငံအကျိုး ခွင့်ပြုပေးမယ် မျှော်လင့်ပါတယ်။

ကျနော်တို့ ခေတ်က နိုင်ငံခြားထွက်ဖို့ဆို အထက်လူကြီးက ခွင်ပြုကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ကြီးက ခွ င့်မပြုလို့ ဝန်ထမ်းပြေးဘဝ ခိုးထွက်ခဲ့ရပါတယ်။ ပညာတော်သင် နိုင်ငံခြားထွက်သင် သွားပြီး ပြန်မလာသူ များစွာ ဘလက်လစ်စ် လုပ်ခံခဲ့ရလို့ တချို့ဆို အခုထိ ပြန်မလာရဲသူတွေ ရှိနေဆဲပါ။ ကျနော်လဲ စက်မှု(၁) ဝန်ကြီးဌာန စာထုတ်ခံထားသူ ဖြစ်လို့ ၁၀နှစ်ကျော် ပြန်မလာနိုင်တာ ၂၀၁၂ ကျမှ ပြန်လာပြီး မနည်းရှင်းခဲ့ရပါတယ်။

ပထမ ၅နှစ် ပြုပြင်ပြောင်းလဲရေး ပြည်သူလူထု ပြောခွင့်ရသွားပါတယ်။ လုပ်ခွင့်မရပါဘူး။  ဒုတိယ ၅နှစ်မှာ ဆိုးဝါးနေဆဲ ဝိသမ အစိုးရအရာရှိကြီး အချို့ တကယ်ပဲ ထောင်ကျ ပိုင်ဆိုင်မှုသိမ်းတာမျိုး မြင်ချင်ပါတယ်။ အခြေနေကောင်းရင် ရဲစခန်း နဲ့ အုပ်ချုပ်ရေးရုံး လူ/ယာဉ် မှတ်ပုံတင်ရုံး စည်ပင် တွေမှာ ”ရန်ပုံငွေ” မတောင်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အဲဒီရုံးများမှာ ”လာတ်ပေးရန်မလို။ လာဘ်တောင်းပါက တိုကြားပါ” ဆိုင်းဘုတ်ကြီးရှိ ပေမဲ ”ရန်ပုံငွေ” ပဲ ပွင့်လင်းစွာ တောင်းပါတယ်။ နယ်မှာ သိပ်မတောင်းပေမဲ့ ရန်ကုန်မှာ တော်တော်ဆိုးအောင် တောင်းပါတယ်။ ဒါက အသေးအမွှားဆိုပြီးတော့ လူထုကလဲ မပြောတော့ပါဘူး။

ဝန်ထမ်း စားဝတ်နေရေး အဆင်ပြေအောင် လုပ်နိုင်ပြီး ဝန်ထမ်း တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေ များစွာပေါ်လာမယ် မျော်လင့်ပါတယ်။

မီဒီယာ ဖွင့်ပေးချိန် ဖေ့ဘုတ်များက သတင်းဖြန့်ဝေမှု အလွန်မြန်ပါတယ်။ အစိုးရဝန်ကြီးများလည်း အိုင်တီပညာကို အမှီလိုက်နေတာ ၄နှစ်အတွင်း စမတ်ဖုန်း မြန်မာနိုင်ငံမှာ အရမ်းတိုးတက်သွားပါတယ်။ လူမှုကွန်ယက်မျာမှာ  နိုင်ငံတော်အကြီးကဲအထိ သိက္ခာညှိုနွမ်းအောင် ဆဲဆိုတာများကြောင့် ထိုင်းနိုင်ငံမှာ ထောင်နှစ်ရှည် ချခံရပါတယ်။ မြန်မာနိုင်ငံမှာ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ် မီဒီယာနဲ့ ကဏ္ဍအသီးသီးမှာ ပြိုင်ဆိုင်နေပါတယ်။

ကြိုးစားသူ လူငယ် လူကြီးများ ၄နှစ်တာကာလ ဆိုတာအပြောင်းလဲကြီပါပဲ။ ပညာခေတ်မှာ သားသမီးများကို နိုင်ငံခြား ပညာသင်လွှတ်ခြင်း ခေတ်စားနေပါတယ်။ ငွေမတတ်နိုင်လို့ နိုင်ငံခြား မသင်နိုင်ပေမဲ့ ပညာသင်ဆုမျာကို အင်တာနက်အသုံးချပြီး အင်္ဂလိပ်စကားပြောပညာ နဲ့ မေးမြန်းစုံစမ်း လျှောက်နိုင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ထမ်းများ ကိုယ့်စားရိတ်နဲ့နိုင်ငံခြား ခိုးကြောင်ဝှက် သွားစရာ မလိုတော့။ ကိုယ့်စားရိတ်နဲ့ နိုင်ငံခြားပညာသင်သွား ပြန်လာရင် မူလဝန်ထမ်းရာထူး ပြန်ရမယ် ဆိုတာကို ကြိုဆိုပါတယ်။ သို့သော် နီးစပ်ရာ ဝန်ထမ်းများသာ ဒီအခွင့်ျရးကို ရတာမဖြစ်အောင် ပွင့်လင်းမြင်သာစွာ အစိုရအရာရှိကြီးများက ခွင့်ပြုပေးရပါမယ်။

အခုဆို နိုင်ငံတကာ တက္ကသိုလ်နဲ့ အဖွဲ့စည်းများက ပညာသင်ဆု အမြောက်အများ ပေးနေပါတယ်။ မြန်မာအစိုးရထံ တိုက်ရိုက် မဆက်သွယ်လိုပဲ စိတ်ထားမြင့်မြတ်သူ အရာရှိကြီးများထံမှာ ပညာသင်ဆုတွေ ကမ်းလှမ်းကြပါတယ်။ အများစုကတော ကိုယ့်ဖာသာ အင်တာနက် မိတ်ဆွေများကတဆင့် ပညာသင်ဆု လိုက်ရှာကြရပါတယ်။ ပညာသင်ဆု ရရင် အစိုးရဌာနလူကြီးများက ခွင့်ပြုပေးဖိုပါ။ လူကြီးများ နောက်လူကို နေရာပေးတတ်ပါမှ မြန်မာလူငယ်များ ပညာပိုတတ်လာမယ်။ ပညာတတ်လူငယ်များ ပြည်တော်ပြန်လာတာ များဖို့ အထူးလိုအပ်ပါတယ်။ သမ္မတ ပညာသင်ဆု ကို များပြားစွာ ပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်တခု မဖြစ်လာနိုင်သေးခင် မြန်မာထူးချွန်သူ လူငယ်များကို လူမှန် နေရာမှန် နိုင်ငံခြား ပညာသ်ဆု များစွာ ရအောင် လုပ်ပေးရပါမယ်။ အားပေးရပါမယ်။

အခုအခါ ပညာတတ်များ ဝန်ထမ်းများ စားဝတ်နေရေး အခြေနေ နဲနဲ ကောင်းနေပေမဲ့  စစ်အာဏာရှင် စရိုက်ကို တကယ် စွန့်ချင်တဲ့ ခေါင်းဆောင်များ အခြေနေ မလှဖြစ်နေချိန်ပါ။ ဝန်ထမ်းများ စားဝတိနေရေး ပညာရေး ကျန်းမာရေး အရင်ချောင်လည်လာမယ်ဆိုရင် အဆိုးထဲက အကောင်း မှတ်ယူလိုက်ပါတယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts