Brand Ambassador အကယ်ဒမီဝတ်မှုံရွှေရည် အား HUAWEI က ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့

 

 

Brand Ambassador  အကယ်ဒမီဝတ်မှုံရွှေရည် အား HUAWEI က ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့

ရန်နောင်(ဗိုလ်တထောင်) ဧပြီ ၁၊ ၂၀၁၅

၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင်နင်စေရင် ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီရခဲ့သော  အကယ်ဒမီဝတ်မှုံရွှေရည်အား HUAWEI က ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို မတ်လ (၂၄) ရက်ညနေ (၆) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ဒါရိုက်တာဝိုင်း၊  Huawei Company Country Driector Mr.Roson Luo ၊ စာရေးဆရာနေနော် တို့မှ အမှတ်တရ ဂုဏ်ပြုစကားများပြောခဲ့ကြသည်။

 ထို့နောက် အကယ်ဒမီဝတ်မှုံရွှေရည်က သူလက်မှတ်ရေးထိုးထားသော Huawei Hand Set များကို ပေးအပ်ခဲ့သည်။