မောင်စွမ်းရည် – ကဗျာကို ဖျက် အမျက်

မောင်စွမ်းရည် – ကဗျာကို ဖျက် အမျက်
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅

လောဘ၊ ဒေါသ
မောဟ၊ မာန
ဘာမှ မကောင်းဘူး။

တခုထက်ရင် အားလုံးတက်ပြီး
တခုဖျက်ရင် အားလုံးပျက်ရော။

မေတ္တာလဲ ပျက်၊ သစ္စာပျက်
သဒ္ဓါပျက်၊ ကဗျာပျက်
ကဗျာအသက်ဓါတ်
ပြတ်လေရော။    ။

(၂၀၁၅ ဇန်န၀ါရီ ၆)