မင်းကိုနိုင် – ကျနော် ဆုရခြင်း

မင်းကိုနိုင် – ကျနော် ဆုရခြင်း

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်) သြဂုတ် ၁၉၊ ၂၀၁၄

ဟင်းကောင်းစားမလို့

ဘုန်းကြီးကျောင်းသား လုပ်တော့လဲ

လက်မသွက်ဘဲ အမြဲငတ် …

ခဏ ခဏ တသသ လုပ်တော့လဲ

ဖန်ခွက်တွေ ကျကျကွဲ …

လွဲမှာစိုးလို့ သေချာချိန်

ချိန်တာသိတော့ ငှက်ပျံပြေး …

သဘောင်္သီးစားဖို့ အပင်စိုက်

စိုက်ပြီး မျှော်ရင်း အပင်သာကြီး

အဖိုပင်မို့ ဘာမှမသီး …

အညံ့ပြိုင်ပွဲ ၀င်လို့နွှဲ

ဘာဆုမှလဲ ကျနော်မရ

လူတွေအားလုံး မှတ်ချက်ချ

“မင်း အသုံးမကျဆုံးကွ” ။   ။