Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

လူရွှင်တော် အနုပညာရှင် ကုသိုလ် ကွယ်လွန်

 

လူရွှင်တော် အနုပညာရှင် ကုသိုလ် ကွယ်လွန်
မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၂၀၊ ၂၀၁၄

လူရွှင်တော် ၊သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ ဦးကုသိုလ် သည်  ၁၅ ရက် ဇွန်လ ၂၀၁၄ က ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါသည်။ ဆရာဦးကုသိုလ်သည် အနုပညာလောကသို့ သံချပ်များတင်ဆက်ခြင်းဖြင့်လည်းကောင်း၊ ကာတွန်းမြင့်သိန်းအနေဖြင့်လည်းကောင်း  ဝင်ရောက်ခဲ့ပြီး ဒါရိုက်တာမောင်မျိုးမင်းတင်ဆက်သော  “သရဲလေးကောင်နှင့်ကျွန်တော်” ပြဇာတ်တွင် နာမည်ကြီးခဲ့ပါသည် ။ မင်းသားကြီး ဦးကျော်ဟိန်းနှင့် တွဲဖက်၍ “တစ်ပုဒ်ငါးကျပ် သုံးပုဒ်တစ်ဆယ်” ဗီဒီယိုကားသည်လည်း  နာမည်ကြီးခဲ့သောကားတစ်ကားဖြစ်ခဲ့ပါသည်။

ဦးကုသိုလ်သည်  ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ပါသည် ။  ဒါရိုက်တာအဖြစ် ကားပေါင်း ၄၀ ကျော်ရိုက်ကူးခဲ့ပါသည်။ ဆရာကုသိုလ်၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်တွင်  ၁၇ ရက် ဇွန်လ ၂၀၁၄ ညနေ ၅ နာရီ ခွဲတွင် ပြုလုပ်ခဲ့ပါသည် ။

မူလက ခြောက်နာရီမှ ဈာပနစမည် စီစဉ်ထားသော်လည်း လိုက်ပါပို့ဆောင်သူ ပရိသတ်များပြားလွန်းသောကြောင့် စောလျင်စွာသင်္ဂြုဟ်ခဲ့ရပါသည် ။ ဆရာဦးကုသိုလ်၏ ဈာပနသို့ နာမည်ကြီး အနုပညာရှင်များ ၊ဒါရိုက်တာကြီးများ ပို့ဆောင်ခဲ့ကြပါသည်။

ဆရာ ကွယ်လွန်ချိန်တွင် ဇနီး  ဒေါ်ထွေးထွေးဝင်းနှင့် သားကိုဘိုဘိုထွန်း ၊ မသက်သက်အောင်၊ သားပုညကုသိုလ်၊ သမီးမွန်မွန်ထွန်းတို့ ကျန်ရစ်ခဲ့ပါသည်။

(Photo – ရန်နောင်(ဗိုလ်တထောင်))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts