ကျူးကျော်ပြဿနာဘယ်လိုရှင်းရမလဲဆိုတာရယ်၊ အိမ်ခြေရာမဲ့တွေရဲ့ ဘ၀တွေအကြောင်းရယ်၊ အန္တရာယ်ရှိအဆောက်အအုံမှာ နေနေရတဲ့သူတွေရဲ့အကြောင်းရယ်၊ အယ်လ်ပိုက်ငလျင်ရပ်ဝန်း(Alpide Belt) ပေါ်ကျရောက်နေတဲ့ မြန်မာနိုင်ငံကို အင်အားပြင်းငလျင်လှုပ်ခတ်လာမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ …. စတဲ့ အကြောင်းတွေဖတ်ရမယ့် မော်ကွန်း အမှတ်(၁၃) ထွက်ရှိလို့လာပါပြီ။တစ်ညသားပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကိုတအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေထုတ်ချိန်ပြီး
အခိုင်အခံ့လှည်းတစ်စင်း
နွားပြာညိုတစ်ရှဉ်းနဲ့အတူ
လှည်းမောင်းပို့ဆိုပြီး အဖေ့ကိုခေါ်သွား
ရွာအနောက်ဘက် တောအုပ်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ
အဖေရေ
အဖေရေ
ကျွန်တော်တို့ မိသားစုဘဝ
ရာဇ၀င်ကိုဖြတ်သန်းရတဲ့ညပေါ့….
………….
အမေတွေအားလုံး
ကလေးတွေ ပခုံးပေါ်တင်ပြီး
ပြေးကြ လွှားကြ ပုန်းကြ အောင်းကြနဲ့
တချို့သားသေ တချို့လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ်မဟုတ်လား အမေ…