မင်းညွှန့်လှိုင် – တ က ယ့် အ ဖြ စ် အ ပျ က်

တ က ယ့် အ ဖြ စ် အ ပျ က်
မင်းညွှန့်လှိုင်
မေ ၄၊ ၂၀၁၄
 
ဒီလိုလေ
လီယာခေါ်တာလီကို ရော်ဟီးမူလာက အကြွေးဆပ်ဖို့ရှိတယ်
အဲဒီနေ့က ရော်ဟီးမူလာနဲ့ လီယာခေါ်တာလီတို့
လက်ဖက်ရည်ဆိုင်မှာတွေ့ပြီး စကားများကြရောဆိုပါတော့
လီယာခေါ်တာလီကို ရော်ဟီးမူလာကလက်သီးနဲ့ထိုးတယ်
အဲဒီအချိန်မှာ ဆိုင်ထဲရောက်နေတဲ့ပုလိပ်ကြီးက
ဖျန်ဖြေပေးရှာပါတယ်
ဒါနဲ့ ရော်ဟီးမူလာက ဆိုင်အပြင်ထွက်သွားတယ်
မပြီးသေးဘူးဗျာ
ဆိုင်အပြင်လမ်းပေါ်ရောက်မှ ရော်ဟီးမူလာက ဆဲဆိုပြန်တယ်
လီယာခေါ်တာလီကလည်း ဆိုင်ထဲကပြန်ဆဲပေါ့
ခဏနေတော့ လီယာခေါ်တာလီပါ ဆိုင်အပြင်ထွက်သွား
လမ်းပေါ်မှာ ရန်ထပ်ဖြစ်ကြပြန်ရော
ရော်ဟီးမူလာ ထိုးကြိတ်လို့
လီယာခေါ်တာလီ ဒဏ်ရာရ အဲဒါနဲ့
မဟုတ်ဘူး မဟုတ်ဘူး
ဒါဟာ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းမဟုတ်ဘူး
ပြည်တွင်းတနေရာမှာဖြစ်နေတာ
မြန်မာပြည်ကြီးမှာ ဖြစ်ပျက်နေတာပါဗျာ ။ ။

မင်းညွှန့်လှိုင်
၁ မေ ၂၀၁၄

One thought on “မင်းညွှန့်လှိုင် – တ က ယ့် အ ဖြ စ် အ ပျ က်

  1. huh? what s so special about people getting into fights? it happens everyday????

Comments are closed.