ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
ပါဠိတွေ သိစရာမလို
ဘာသာစကားတွေ သိစရာမလို
အနက် သိဖို့ တော့ လိုတယ်၊
အချက် သိဖို့ တော့ လိုမယ်။
မင်း …ဘာသာမဲ့နေရင်လဲ ဖြစ်တယ်။
မင်း …ဘုရားမရှိရင်လဲ ဖြစ်တယ်။
မင်း …တရား ရှိဖို့ တော့ လိုမယ်။
မင်း …တရား – မတရား
ခွဲခြား သိဖို့  လိုတယ်။
အတိမ်အနက် ကိုယ့်ဥာဏ်အလိုက်
ဝေးဝေး မကြည့်နဲ့ ဦး၊
ကိုယ့်ဝန်းကျင် ကိုယ်ကြည့်
ကိုယ့်ကိုယ်ကို ပြန်ကြည့် ။
အများအတွက်
နှောင်းနောင် အတွက်
စာနာတတ်ရင်
လုပ်သင့်တာ လုပ်ရင်
ဘယ်ဘုံရောက်ရောက်
ဘယ်ဘ၀ ဖြစ်ဖြစ်
သေမှာ မကြောက်ဘူး။ ။