သတင်းဆောင်းပါး

မြန်မာ-ထိုင်း မီဒီယာပူးပေါင်းဆောင်ရွက်မှု

(MYANMAR ELEVEN – THE NATION)
ဇာနီကြီး
ဖေဖော်ဝါရီ ၄၊ ၂၀၁၄

ယခုအချိန်ဟာ တရုပ်နှစ်သစ်ကူးဖြစ်ပြီး တရုပ်လူမျိုးအားလုံး ငြိမ်းချမ်းစွာ ကိုယ့်မိသာစုနဲ့ နေချိန်ဖြစ်ပါတယ်။ ကမ္ဘာ့အရေးတွေကို ကြည့်ရင်၊ ငြိမ်ချက်သားကောင်းနေသလို၊ မြန်မာနိုင်ငံကိုကြည့်ရင်လဲ အေးချမ်းနေတယ် ပြောရပါမယ်။ ဆောင်းရာသီမှာ တိုင်းရင်းသားလက် နက်ကိုင်များနဲ့ တိုက်ပွဲများကို ငြိမ်းချမ်းရေး၊ လမ်းစများမြင်ရပါတယ်။ မြန်မာ့အရေးတွေကို ကြည့်ရင် မီဒီယာလောက၊ ကားတွန်းလောက်ပဲ ကြည့်ပြီး၊ စိတ်ပျက်စရာပါ။ အရေးထဲ ဆရာအော်ပီကျယ် ပြောသလို ဟ.. ခပ်ပေါပေါပုဂ္ဂိုလ် တစ်ဦးတလေ ရှိနေသေးတာ နားလည် လိုက်ပါတယ်။

 

စီးပွားရေးကို ကြည့်ရင် မီဒီယာတွေအရ ဆိုရင် တော်တော်ဆိုးပါတယ်။ ဟုတ်မှန်တာတွေကတော့ တစ်လ ကျပ်ငွေ ၅သိန်းရဖို့အတွက် နိုင်ငံခြားအိမ်စေလုပ်ငန်း၊ တစ်လ ကျပ်၂သိန်းလောက်ရမဲ့ ထိုင်းနိုင်ငံ၊ ဒိထက်ပိုရမဲ့ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းဒူဘိုင်း၊ ကာတာနိုင်ငံများကို သွားလုပ်ချင်နေသူ များနေဆဲပါ။  စင်ကာပူအလုပ်ကို ပွဲစားခကျပ်သိန်း၂၅သိန်းကျော် ပေးပြီး တဖွဲဖွဲလာနေဆဲ မြန်မာလူငယ်ပေါင်းများစွာကို ကြည့်ပြီး  စိုးရိမ်ရင်လေးမိပါတယ်။

 

ဘာသာရေးအရာ စိတ်ဖြေသိမ့်ရရင်တော့၊ ပြသနာနဲ့အခြေအနေတွေကို လိုက်ကြည့်နေရင်၊ ဘာမှမကောင်းဘူး ဆိုပဲ။  ကောင်းကင်ဘုရား၊နိဗာန်ကိုပဲ ကြည့်ပြီး၊ ကိုယ်လုပ်စရာရှိတာ၊ ကိုယ့်မိသားစု နေ့စဉ်စားဝတ်နေရေး၊ နဲ့ ကျေနပ်ရောင့်မှုစွာ နေထိုင်သွားဖို့ သွန်သင်ပါတယ်။း

 

စတ္တုထမဏ္ဍိုင် မီဒီယာ၊ စာနယ်ဇင်းလောကလဲ အခြေအနေကောင်းပါတယ်။ ခြုံကြည့်လိုက်ရင်၊ မြန်မာနိုင်ငံရဲ့ အခြေအနေက တကယ်တော့ တော်တော်ကောင်းပါတယ်။

 

စီးပွာရေးမဏ္ဍိုင်မှာ တမဟုတ်ချင်းချမ်းသာလာမှုများကြောင့်  မြန်မာ့လူ့အသိုင်းအဝိုင်း တုံလှုပ်ခါသွားခြင်းဖြစ်ရပါတယ်။

 

တရုပ်၊အမေရိကန် အင်အားစမ်းတဲ့အခါ မြန်မာနိုင်ငံ အရေးပါလာပါတယ်။ သမိုင်းပညာရှင် သန့်မြင့်ဦး ရဲ့ မဟာအင်အားကြီးနိုင်ငံများကြားက မြန်မာနိုင်ငံဟာ ညီညွတ်၊တောင့်တင်းမှုရှိရမယ်.. အဆိုကို မြန်မာအားလုံး ထောက်ခံပါတယ်။

 

 

 

မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှု

 

မြန်မာနိုင်ငံတိုးတက်မှုမှာ လူများကို အလုပ်အကိုင်ပေးဖို့ အလွန်အရေးကြီးနေပါတယ်။ အစိုးရက FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ရွှေလက်နဲ့ခေါ်နေပေမဲ့၊ အကျင့်ပျက်ခြစားမှု၊ Corruption & Nepotism အလွန်အားကြီးလာတာကြောင့် နှောင့်နှေးရပါတယ်။ တကယ်အလုပ်အကိုင်မျာများရဖို့  ထိုင်းနိုင်ငံက Process Industry ကုန်ထုတ်လုပ်ငန်းများ မြန်မာပြည်ကို ရွှေ့လာဖို့ လိုကြောင်း မြန်မာခေါင်းဆောင်များ သိပါတယ်။ အတိကျမသိနိုင်တဲ့ မြန်မာလူမျိုး ၅သန်းလောက် ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်တာ အံ့သြစရာဖြစ်ပါတယ်။ သူတို့ရဲ့ ဝင်ငွေဟာ မြန်မာပြည်ရဲ့ အမျိုးသားထွက်ကုန်ထဲမှာ ကြီးမားစွာ ပါဝင်နေပါတယ်။ နိုင်ငံခြားသွားအလုပ်လုပ်သူများ မြန်မာပြည်ကို ဒေါ်လာဘီလျံပေါင်းများစွာ ပြန်ပို့နေကြပါတယ်။ တကယ်တော့ ကိုယ်ရတဲ့ လစာရဲ့ အနည်းအကျဉ်းလောက်ပဲ ပြန်ပို့နိုင်တာပါ။ လက်ခံအလုပ်ပေးတဲ့ နိုင်ငံပဲ လုပ်ကျွေးရသလိုဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး။ သယံဇာတထဲက အဖိုးတန်ဆုံး လူသားအရင်းအမြစ် Human Resource ကို မြန်မာအစိုးရ အသုံးချဖို့ ကြိးစားနေပါတယ်။ ၂၀၁၄မှာ အလွန်အရေးကြီးတဲ့ SME Small & Medium အသေးစား၊ အလတ်စား စီးပွားလုပ်ငန်းတွေကို ဦးစားပေးတော့မယ်လို့ အစိုးရကပြောပါတယ်။ နိုင်ငံတိုင်းရဲ့ စီးပွားရေးကို SME တွေက ၇၀% အထိ ပံ့ပိုးပါတယ်။

 

ဒါကြောင့် ထိုင်း-မြန်မာ ပူးပေါင်းလုပ်ဆောင်မှုနဲ့ပဲ မြန်မာပြည်တွင် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာမယ် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားများကို မြန်မာ့စီးပွားရေးမှာ အထူးအခွင့်ရေးပေးသင့်ပါတယ်။ အခွင့်ထူးခံ တရုပ်နိုင်ငံသားထက် အများကြီး အကျိုးတူစီးပွားရေး လုပ်နိုင်ပါတယ်။ အစိုးရအာဏာပိုင်များကို တရုပ်စီးပွားရေးသမားများက လာဘ်ပေးပြီး၊ အပိုင်ကိုင်တွယ်လုပ်ကိုင်မှုဟာ တိုင်းပြည်အတွက် အလွန်အန္တာရယ်ကြီးပါတယ်။ ထိုင်း-အမေရိကန် စီးပွားရေးလမ်းကြောင်းဘက်ကို သွားဖို့လိုပါတယ်။ နောက်ကြောင်းပြန်ဆွဲချင်တဲ့ အုပ်စုကတော့ တရုပ်လမ်းကြောင်းကိုပဲ ပေကပ်သွားနေဦးမှာပါ။

 

ဒီဆောင်းပါးကတော့ Eleven Media နဲ့ ထိုင်း The Nation သတင်းစာကြီး ၂ခုပေါင်းပြီး၊ မီဒီယာလောက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ Eleven Media မြန်မာ့မီဒီယာလောက ရှေ့ဆောင်ဖြစ်ပြီး၊ The Nation ထိုင်းမီဒီယာကြီးတို့ နှစ်ဦးအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်ကို ပြသပါတယ်။ ၁၀မျက်နှာ အင်္ဂလိပ်သတင်းစာကို အင်တာနက်မှာ အခမဲ့ဒေါင်းလုပ် ဖတ်ရှုနိုင်ပါတယ်။ မြန်မာဘာသာနဲ့ သတင်းစာများ အင်တာနက်မှာ ဒေါင်းလုပ်ကြည့်ရှုနိုင်တာ ကြာပါပြီ။   Eleven Media နဲ့ The Voice သတင်းစာကြီး၂စောင်ကိုတော့ Mediafire, Google Drive, Cloud စသဖြင့် အင်တာနက်မှာ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။ မြန်မာ ဂျာနယ်၊ မဂ္ဂဇင်းတွေလဲ အခမဲ့ အင်တာနက်ကို တင်ပေးတော့ မီဒီယာလုပ်ငန်းဟာ နောက်ခံငွေကြေးအင်အား မရှိရင် အရှုံးကြီး၊ ရှုံးမဲ့ လုပ်ငန်းဖြစ်နေပါတယ်။

 

အထူးသဖြင့် မြန်မာအစိုးရပိုင် သတင်းစာများလဲ ပြုပြင်ပြောင်းလဲလာတာ အံ့သြဘွယ် တွေ့ရပါတယ်။ အစိုးရပိုင် သတင်းစာများက မြန်မာအစိုးရဘတ်ဂျတ် US$ 270 millions တောင်းဆိုနေတာကို တွေ့ရပါတယ်။ အင်တာနက်မှာလဲ ပိုပြီးလွယ်ကူစွာ ဖတ်နိုင်စွာ ဒေါင်းလုပ် ဖတ်ရှုနိုင်ပါတယ်။ ငွေပိုသုံးနိုင်တော့ ပိုပြီး ဝါဒဖြန့်နိုင်ခြင်း ဖြစ်ပါတယ်။

 

မြန်မာ့အလင်း http://www.moi.gov.mm/npe/mal/

ကြေးမုံ http://www.moi.gov.mm/npe/km/

 

အခု Eleven Media အင်္ဂလိပ်သတင်းစာ ထွက်လာပြီး၊ The Nation အကူအညီနဲ့ ဒေါင်းလုပ်ဖတ်ရှုရပါပြီ။ ပြည်ပရောက် ဗိုလ်လိုမှ ပိုအားရတဲ့ မြန်မာစာဖတ်ပရိတ်သတ်နဲ့နိုင်ငံခြားသားများအတွက်လို့ ဆိုပါတယ်။

 

21.JAN.2014

UN LOUDS ARMY’S RELEASE OF 96 CHILD RECRUIT

မြန်မာ့တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကြီးဖြစ်ပါတယ်။ လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးလုပ်ရာမှာ ကလေးစစ်သားများကို မြန်မာ့တပ်မတော်က စတင်ဝန်ခံ၊ လွှတ်ပေးနေပါတယ်။ အလားတူ အင်အားကြီးတဲ့ မြန်မာစစ်တပ်က အရင် လျှော့ပေးမှ ငြိမ်းချမ်းရေးနဲ့အကျိုးတူစီးပွားရေးများ ဖြစ်ပေါ်လာမှာပါ။

 

22.JAN.2014

IMF praises exciting transaction underway

ဥရောပနိုင်ငံများရဲ့ စီးပွားရင်းနှီးမြှတ်နှံမှု လိုချင်ရင် EU အခြေပြု၊ IMF နိုင်ငံတကာ ငွေကြေးအဖွဲ့ရဲ့ အကြံပေးမှုကို နာခံရပါတယ်။ အခြေခံအဆောက်ဦးတည်ငြိမ်မှု Macroeconomic Stability ရှိဖို့အကြံပေးခြင်းပါ။ အကြံပေးတာ မလိုက်နာလို့ ဥပမာ.. အရှေ့တောင်အာရှ အားကစားပွဲငွေတွေ မြောက်များစွာ သုံးလိုက်လို့ ဒေါ်လာအရံငွေ အရမ်းနဲသွားပြီး၊ ငွေစက္ကူတွေ ရိုက်ထုတ်မှု မလုပ်ဖို့ IMF ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် ငွေကြေးခဝါချခြင်းဥပဒေကိုလည်း တွေ့ရပါတယ်။

 

23.JAN.2014

FDI spurs creating of  60,000 new jobs

နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI ဒေါ်လာဘီလျှံ 34 billion ကို နိုင်ငံပေါင်း ၂၅ခု ရင်းနှီးထားပါတယ်။ ရေနဲံဓါတ်ငွေမှာ US$ 13 billion အများဆုံးရင်းနှီးပေမဲ့ အလုပ်ကိုင် မပေးနိုင်ပါဘူး။ တရုပ်နဲ့ထိုင်းနိုင်ငံတို့ ပထမ၊ ဒုတိယနေရာမှာ ရှိပါတယ်။ သံလွင်မြစ်ပေါ် ရေကာတာကြီးများဆောက်ပြီး လျှပ်စစ်စီမံကိန်းကို ဆန္ဒပြသတင်းလဲ တွေ့ရပါတယ်။ တရုပ်နိုင်ငံသမ္မတကတော့ တရုပ်ပြည်ဖက် သံလွင်မြစ် ရေကာတာစီမံကိန်းအားလုံး ရပ်ဆိုင်းပြီးတာ ကြာလှပါပြီ။

 

24.JAN.2014  First visit by acting World Bank President

ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဌ ကိုးရီးယားလူမျိုး Jim Yong Kim မြန်မာပြည်ကို ပထမဆုံးလာရောက်ပြီး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဒေါ်လာသန်း၂၀၀၀ စီမံကိန်းကို ချပြပါတယ်။ အကျင့်ပျက်ခြစားရင် ရပ်ပစ်မယ်လို့ပြောပါတယ်။ ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေး စီမံကိန်းများမှာ ဒေါ်လာသန်းတစ်ထောင် သုံးစွဲဖို့ စီမံကိန်းဖြစ်ပါတယ်။

 

25 JAN 2014

Gov reaps little from Sky Net deal

စကိုင်းနက် တရုပ်စီးပွားရေးများက တဖက်သတ် ၃နှစ်အခွန်လွတ်၊ အကျိုးအမြတ်ကို မြန်မာအစိုးရက ၅%၊ သူတို့က ၉၅%ယူတဲ့ မတရားစာချုပ်ကို ဖွင့်ပြထားပါတယ်။

 

 

26 JAN 2014

Thein Sein target 9.1% growth in 2015

မြန်မာပြည်ရဲ့ GDP တိုးတက်မှုတွေကို ကြည့်ရင် အလွန်စိတ်ပျက်ဖွယ် ဖြစ်ပါတယ်။ 6.2% မနှစ်က တိုးတက်ပြီး၊ ဒီနှစ် 6.7% မှန်းထားခြင်း သတင်းများကြားမှာ သမ္မတကိုယ်တိုင်က 9.1% 2015 လို့ပြောလိုက်တော့ အလွန်အားရမိပါတယ်။ ၁၉၉၀လွန် နှစ်များစွာ စင်ကာပူ၊ တရုပ် GDP growth ဟာ ၁၀% အထက်မှ ပြေးနေခဲ့ပါတယ်။ မြန်မာပြည်လဲ ဒီလမ်းကြောင်းကို သွားဖို့ Corruption & Nepotism များအရေးယူမဲ့ လမ်းကြောင်းကို ချီတက်နေပြီလို့ မျော်လင့်ပါတယ်။

 

27. JAN.2014  Resettlement ends for some Refugees

နိုင်ငံတကာက ဒေါက်ထောက်ကြည့်နေတဲ့ မွတ်ဆလင် ရခိုင်ဒုက္ခသည်များ လူ့အခွင့်အရေးသတင်းဖြစ်ပါတယ်။ လူနည်းစုကို အင်အားသုံးအနိုင်ယူခြင်းကို နိုင်ငံတကာက လက်မခံပါ။ မြန်မာပြည် စစ်အာဏာရှင်စနစ်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။

 

28.JAN.2014

Ooredoo, Telenor get long awaited licenses

မြန်မာ့ဆက်သွယ်ရေးနဲ့ခရိုနီများ ပေါင်းပြီး၊ ပြည်သူလူထုထံမှ ငွေညစ်ယူခြင်းကို နိုင်ငံခြားကုမ္ပဏီကြီး၂ခု ယှဉ်ပြိုင်ပါဝင်စေလိုက်ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ပိုမိုသက်သာမဲ့ မိုဘိုင်းစနစ်များ၊ အခကြေးငွေ၊ ဝန်ဆောင်မှုတွေ ဖြစ်လာပါတော့မယ်။ အလားတူ လျှပ်စစ်လုပ်ငန်းရှိပါသေးတယ်။ တစ်ယူနစ် ကျပ်၁၀၀အောက်ပဲ သတ်မှတ်ရပါမယ်။

 

29.JAN.2014

Swire back Suu Kyi’s election eligibility

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire မြန်မာပြည် ၁၃လအတွင်း ဒုတိယအကြိမ်လာရောက်စဉ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ဖို့ တားမြစ်တဲ့ အခြေခံဥပဒေ၊ ပြင်ဆင်ဖို့ ပြောပါတယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်တို့ တို့သဘောတူမှ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌဦးရွှေမန်း၊ တို့ကတော့ မျှတစွာ ဖြစ်စေချင်ကြောင်း ပြောဆိုပေမဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (Snr General မင်းအောင်လှိုင်) ဆီက ဘာမှမကြားရပါဘူး။

 

ဝက်ဆိုဒ် Link

http://www.nationmultimedia.com/myanmareleven/

 

ကြော်ငြာငွေနဲ့လည်ပတ်တဲ့အတွက် KBZ Bank, telenor, FUJIFILM, Carlsberg, ABC Head Hunter, TOA Paint, Unilever စတဲ့ ကြော်ငြာတွေကို တွေ့ရပါတယ်။ ပထမဆုံး eNewsper, English ထွက်လာတဲ့ စာစောင် (၇)ခုကို ဖတ်ရှုပြီးတဲ့နောက်လူငယ်များ ၂၀၁၅မှာ ဘက်ပေါင်းစုံက တိုးတက်၊ကြွယ်ဝလာပြီး၊ ခရိုနီများအနားယူ၊ အဖွဲ့အစည်းများ အားကောင်းလာပြီး အချင်းချင်း ဖေးမတဲ့ မြန်မာစာရိတ္တမဏ္ဍိုင်သစ်ကို ရောက်မှာပါ။  မြန်မာနိုင်ငံတိုးတက်ရေး လမ်းကြောင်းမှန်ကို ရောက်နေတယ်လို့ အကောင်းမြင်၊ ကျေနပ်လိုက်ရကြောင်းပါ ခင်ဗျား..။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts