အနောက်ဘက်ခြမ်းက တောင်ပံခတ်လိုက်တဲ့ မိုးလေ၀သ ဂယက်
မောင်ထွန်းလွင် (မိုးလေ၀သ)၊ (ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်က ယူပါတယ်)
ဇန်န၀ါရီ ၆၊ ၂၀၁၄
လောလောဆယ်မှာ အမေရိကန်နိုင်ငံ အရှေ့ဖက်ဒေသတွေ(Maines State, New York State)တွေ မှာ နှင်းတွေအကြီးအကျယ်ကျနေလိုက်တာ ၁ပ-၂ပ လောက် ထူတယ်။ ဥရောပအနောက်ပိုင်း အင်္ဂလန်မှာ ဆောင်းတွင်းမုန်တိုင်းတွေကျနေတ
ခက်တာက ဒါတွေက ဘာပြောချင်နေတာလည်း။ မိုးလေ၀သပညာရပ်မှာ Teleconnection ဆိုတဲ့ တာဝေးဆက်နွယ်မှုနည်းပညာရပ်တစ်ခုရ
ဒီတော့ အခုဖြစ်နေတဲ့ အမေရိက နဲ့ ဥရောပအနောက်ပိုင်းက လှုံဆော်မှုတွေကို တုံ့ပြန်မယ့်ဒေသတွေထဲမှာ ကျွန်တော်တို့ မြန်မာပြည်ကရော ပါနေမလား။
ကျွန်တော်လေ့လာထားသမျှတော့ အခုလိုဆောင်းရာသီကာလမှာ ဥရောပ အလယ်ပိုင်းဒေသတွေမှာရေကြီးရင် အဲဒီနှစ် မိုးကြိုကာလနဲ့မိုးဦးကာလတွေမှာ
၁၉၈၂ ခုနှစ်လောက်တုံးက ဌာနတွင်း အစည်းအဝေးတစ်ခုမှာ အယ်လ်နီညိုကို အကြောင်းပြုပြီး အခုလို Teleconnection သဘောတရားကြောင့် တောင်အမေရိကတိုက် အနောက်ဖက် ကမ်းခြေမှာ အယ်လ်နီညို ဒီနှစ်ဖြစ်နိုင်လို့ လာမယ့်မိုးဦးကျ မှာ မြန်မာနိုငံမှာ မုတ်သုံ အ၀င်နောက်ကျနှိုင်ပါတယ်လို့ ကျွန်တော်ဆွေးနွေးဘူး ပါတယ်။ အဲဒါ အဲဒီအချိန်က ဌာနကလူကြိးတစ်ဦးက :”မင်းဟာက ညောင်ဦးက ကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုက နွားမ ပေါင်းကျိုး ဆိုသလိုဖြစ်နေပါပြီကွာ” လို့ မှတ်ချက် (အမှန်ကတော့ ပျက်ရယ်ပြုတာပါ)ပေးဘူးပါတယ်။
အဲ.. ဒီကိစ္စရဲ့..နောက်ဆက်တွဲဖြစ်ရပ်မ
မြန်မာနှိုင်ငံမှာ ပညာရပ်နဲ့ပတ်သက်လာရင် စိတ်ကို မဟာမြေကြီးကဲ့သို့ သည်းခံပြီး အတုန်လှုပ်ကင်းကင်းနေနှိုင်အောင် ကြိုးစားရပါတယ်ဗျာ။
မောင်ထွန်းလွင် (မိုးလေ၀သ)