တကယ် နှမြှောလိုက်တာဗျာ။ ကိုဇော်မျိုးထွဋ်က ဂီတကို လိုက်တုတဲ့လူမဟုတ်ဘူး။ ဂီတကို ဖန်တီးတဲ့လူဗျ။ အထူးသဖြင့် သူ့လိုလူမျိုးတွေဟာ ကျန်းမာရေးလိုက်စားပြီး အသက်ရှည်ရှည် နေရစေချင်တယ်။ ဂီတကို ဖန်တီးဖို့နဲ့ နောက်ဂီတမျိုးဆက်တွေကို သူ့ထက်တော်တဲ့သူတွေဖြစ်အောင် မွေးထုတ်ပေးခဲ့စေချင်တယ်ဗျာ။ ဂီတတွင်မက ပညာရပ်တိုင်းကို ဆိုလိုပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် နောက်မျိုးဆက်တွေ ကိုယ့်ထက် တော်အောင်၊ ကောင်းအောင် ကျနော်တို့ သိသမျှကို မျှဝေပေးကြစို့ဗျာ။