2013 in Review

တကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးအုန်းသန်း (2013 in Review)

တကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးအုန်းသန်း

မင်းကိုနိုင် ။ ဒီဇင်ဘာ ၊ ၂၀၁၃

  • အမည် – ဦးအုန်းသန်း
  • နေရပ် – ရန်ကုန်
  • အသက် – ၆၆


ဦးအုန်းသန်းက ရန်ကုန်မြို့ UNDP ရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တာ၊ သူ့ကို ဖမ်းဆီးမယ် ဆိုတာကို သိလျက်နဲ့ လာဖမ်းတဲ့သူတွေ မရောက်မချင်း တယောက်တည်း ရပ်ပြီးတော့ ဆန္ဒပြခဲ့တာ။

အဲဒီအချိန်ဟာလည်း အင်မတန်မှကို ပြားပြားဝပ်နေအောင် ဖိထားတဲ့အချိန်မျိုးပေါ့ဗျာ၊ ကျနော်တို့တွေကလည်း အကျဉ်းထောင်တွေထဲမှာ။ ဘယ်သူမှ ထပြီးတော့ ရပ်ရဲတဲ့သူမရှိဘူးလို့ ထင်ရလောက်အောင် တိတ်ဆိတ် ခြောက်ကပ်နေတဲ့ အချိန်တုန်းက သူဟာ အဲဒီရုံးရှေ့သွားပြီးတော့ လာဖမ်းတဲ့သူတွေ မလာမချင်း သူ ဆန္ဒပြတယ်။ ဆိုလိုတာက သူဟာ တကယ့် ခံတွင်းထဲကို ၀င်ရမယ်ဆိုတာ သိသိချည်းနဲ့ ရပ်လိုက်တာပါ။ အဲဒါကြောင့် ကျနော်တို့ သူ့တန်ဘိုးကို မမေ့သင့်ဘူးလို့ ယူဆတယ်။

သူက အယူအဆမှာ၊ သူ့ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒ ပြင်းပြမှုတွေမှာ ကျန်တဲ့သူတွေနဲ့ တူချင်လည်း တူမယ်၊ မတူတဲ့ လက္ခဏာတွေလည်း ရှိပါတယ်၊ နိုင်ငံရေးမှာ ဝင်ပါ လှုပ်ရှားချိန်ကတည်းက အကျဉ်းသားဖြစ်တဲ့ ကာလတွေမှာလည်း ကြံ့ကြံ့ခံပြီးတော့ ရပ်ခဲ့တာ ကျနော် တွေ့ရတယ်။

သူ အသက်အရွယ်လည်း ကြီးသွားပြီ၊ သူ့ကို လှုပ်ရှားမှုတွေမှာ အကြောင်းကြောင်းအရ မတွေ့ရပေမယ့် ပျောက်နေတဲ့လူတွေအကြောင်း ပြောကြစတမ်း ဆိုရင် ကျနော် သူ့ကိုပဲ ပြေးမြင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အပြင်မှာ ရပ်တည်ခဲ့တာရော အထဲမှာရပ်တည်ခဲ့တဲ့နေရာမှာရော သူက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။

ဦးအုန်းသန်းက ယဉ်ကျေးသိမ်မွေ့တဲ့လူတယောက်ဖြစ်တယ်။ စိတ်ဓာတ်အရ ခိုင်မာတယ်။ ကိုယ်ယုံကြည်တာကို ရဲရဲတင်းတင်း ပြောတဲ့ လုပ်တဲ့သူ ဖြစ်ပါတယ်။

==========================================

၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts