ကဗျာ အောင်ဝေး

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၂ ) – Aung Way

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

MARCH FOR PEACE
OUR JOURNEY IS NOT COMPLETE

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၂ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃

ရဲဘော်တို့ -

ဆက် လျှောက်။

ငါတို့ နောက်မှာ
ငါတို့ ဟာ
တောင်ကိုလည်း
မုန်းသူတို့ ဘေးရန်က
ခုခံ နေရ။
ထောင်ကိုလည်း
ရည်းစားဦးလို မုန်းလို့ မရကြ။

ငါတို့ ခေတ်မှာ
ငါတို့ ဟာ
မြစ် ဆိုရင်လည်း
အချစ်စိတ်နဲ့ ကာကွယ်နေရ။
စစ်ဆိုရင်လည်း
မချစ်ဘဲ တိုက်နေကြရ။

ငါတို့ နှလုံးသား
ပန်းများပွင့်စေ
ကျည်ဆန်တွေအစား
စစ်ပွဲများ ရပ်ပစ်။

ဓားအိမ်ထဲက ဓားများ
ထယ်သွားအဖြစ် ပြောင်းပစ်။

ငါတို့ ခေတ်မှာ
ငါတို့ ဟာ
ဝန်တင်လိပ်ပြာတွေပါ။

ရဲဘော်တို့ 

ငြိမ်းချမ်းရေးကို သယ်ပိုးနေကြရ။ရဲဘော်တို့ 
လမ်းလျှောက်နေကြရ။

လမ်းတိုင်းဟာ
လိုင်ဇာ ကို ဦးတည်နေတယ်။

လွမ်း …။

မန္တလေး အက်ဖ် အမ် က
အလှပဂေး ရေ…
ခင်မောင်တိုးရဲ့
“ကြိုးကြာသံ“ သီချင်း ဖွင့်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၇-၂၀၁၃။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts