မိုးမခကို ပေးတဲ့စာ

ဥပဒေနှင့်အညီ ဆောင်ရွက်စေလိုပါတယ်

မိုးမခပေးစာ
ဒီဇင်ဘာ ၁၅၊ ၂၀၁၂

သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
နေပြည်တော်
နေ့စွဲ၊ ၁၄.၁၂.၂ဝ၁၂

အကြောင်းအရာ။ ။ ဥပဒေအရ မဆောင်ရွက်ခြင်း ကိစ္စကို တိုင်ကြားခြင်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ်၊ သမုဒ္ဒရိုးအုပ်စု၊ အုပ်ရှစ်ကုန်းကျေးရွာတွင် ငါးထောင်သောပိုက်များကို ခိုး ယူသွားသောအမှု ၃၁.၁ဝ.၂ဝ၁၂ နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ ထိုနေ့မှာပင် ဟင်္သာတမြို့နယ် နိဗ္ဗာန်ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင် ကြားခဲ့ပါသည်။ သို့သော်လည်း ချက်ခြင်းအမှုဖွင့်မပေးဘဲနေသည့်အတွက် ထပ်မံ၍ ၃.၁၁.၂ဝ၁၂ ရက်နေ့မွန်းလွဲ ၂ နာရီခန့်တွင် သွား ရောက်၍ ပစ္စည်းပိုင်ရှင် (၄) ဦးမှ အမှုဖွင့်ခဲ့ပါသည်။ ၄.၁၁.၂ဝ၁၂ ရက်နေ့ ည (၈) နာရီအချိန်တွင် ရဲကင်းမှူး ဒုရဲအုပ်အောင်ဇော်မင်းထံသို့ သွားရောက်စုံစမ်းကြည့်ရာ ၄င်းမှာ ပြစ်မှုအမှတ်(၇၂) ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း ပြောခဲ့သည်။ ၄င်းအမှုနှင့်ပတ်သက်၍ တရားခံ ကျော်ကျော်ပါ (၃) ဦးအား ဥပဒေအရ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ခြင်းမရှိသည့်အတွက် ရဲစခန်းသို့သွားပြောသော်လည်း ဥပဒေ အရ လုပ်ဆောင်ခြင်းမရှိပါ။ ၄င်းကိစ္စနှင့်ပတ်သက်၍ နိဗ္ဗာန်ရဲစခန်းမှ ဆောင်ရွက်ခြင်းမရှိသည့်အတွက် ဟင်္သာတခရိုင်ရဲမှူးထံသို့ ၅.၁၂. ၂ဝ၁၂ ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် သွားရောက်၍တင်ပြသောအခါ ခရိုင်ရဲမှူးမှ ဟင်္သာတမြို့နယ်ရဲမှူးထံသို့ ဖုန်းဆက်ပြော၍ မြို့နယ် ရဲမှူးထံသို့ ပြန်လွှတ်လိုက်သည်။ မြို့နယ်ရဲမှူးထံရောက်သောအခါ အကြောင်းစုံပြောပြခဲ့ပါသည်။ မြို့နယ်ရဲမှူးမှ ၄င်းကိစ္စနှင့်ပတ်သက်၍ နိဗ္ဗာန်စခန်းမှူးထံမေးမြန်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပါမည်ဟုပြောလိုက်၍ ကျွန်တော်တို့ ပြန်လာခဲ့ကြပါသည်။

ယ္ခုအချိန်ထိ ၄င်းခိုးမှုကိစ္စနှင့်ပတ်သက်၍ တရားခံများကိုလည်း ဖမ်းဆီးခြင်းမရှိ၊ အမှုကိုလည်း ရုံးတော်သို့ တင်လျှောက်ခြင်းမရှိသည့်အတွက် အထက်တာဝန်ရှိသူ လူကြီးမင်းအဆင့်ဆင့်သို့ တင်ပြတိုင်ကြားလိုက်ခြင်းဖြစ်ပါသည်။
 
တိုင်ကြားသူများ
ကိုဇော်ဦး ၁၄/ဟသတ(နိုင်)၂၈၆၉၇၉ ယုံသလင်း  …………………………..
ဟင်္သာတမြို့နယ်

ကိုဖိုးပု      ဇီးကုန်းရွာ  …………………………..
ဟင်္သာတမြို့နယ်

မိတ္တူကို
– ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်
– ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်
– ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည့်သူ့လွှတ်တော်၊ နေပြည်တော်
– ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော်
– ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
– တိုင်းရဲတပ်ဖွဲ့မှူး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
– ခရိုင်ဥပဒေအရာရှိ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့
– လက္ခံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts