ပေါင်းသင်နေ့စွဲများရဲ့ဇာတ်လမ်း

ကျော်ဟုန်း
ဒီဇင်ဘာ ၁၅၊ ၂၀၁၂
 
ငါတို့က …
ငါတို့ရဲ့ ကိုယ်ပိုင်နေ့စွဲကိုတောင်
ဖွက်ထားနေရတုန်း အချိန် ..။

ရည်းစားဦးလို
ချစ်ခဲ့ရတဲ့ ဒိုင်ယာရီလဲပဲ
င – ငရုတ်စိမ်း စပ်ရှိန်းရှိန်းဖြစ်နေပြီ …။

တထောင့်တည ပုံပြင်များကို
ဖုတ်သွင်းရထား ဆိုက်ကပ်ချိန်
မျက်စိဖွင့်လျက် ငါ အိပ်စက်ရဖူးပေါ့
မင်းတို့နဲ့ အတူတူ …။

မာယာလူမျိုးတွေရဲ့
ဒီဇင်ဘာ ၁၂၊ ၂၀၁၂
ကမ္ဘာပျက် မပျက်
ငါတို့စိတ်မဝင်စားအား …။

ဘာလို့လဲဆိုတော့
ငါတို့တင်ထားတဲ့ ဆိုင်းဘုတ်
အကြိမ်ကြိမ် ဆေးပြန်သုတ်နေရလို့။

One thought on “ပေါင်းသင်နေ့စွဲများရဲ့ဇာတ်လမ်း

  1. ကဗျာရဲ့စွမ်းအားကိုကျွန်တော်လေးစားပါတယ်

Comments are closed.