မိုးမခကို ပေးတဲ့စာ

ဟင်္သာတမြို့က (သဲ)ကတ္တရာလမ်းများကြောင့် ပြည်သူများ ဒုက္ခရောက်

ဟင်္သာတသားတဦး၊ သြဂုတ် ၁၂၊ ၂၀၁၂

ဧရာဝတီတိုင်းဒေသကြီးက ဟသာင်္တမြို့မှာ လမ်းများကို စည်ပင်နဲ့ ဆည်မြောင်း ဌာန ၂ ခုက ခွဲယူပြီး လမ်းခင်းပါတယ်။ လမ်းခင်းပုံက “လမ်းပြင်နေသည်” ဆိုင်းဘုတ်ထောင်၊ ရေ၀ပ်နေတဲ့ ချိုင့်ထဲကို ရှုင်းလင်းပြီး ကျောက်ခဲခင်း၊ လုပ်အားဖြင့် နင်း၊ ကတ္တရာနဲ့ သဲရောထားတာကို ကျောက်ခဲ၊ ကျောက်စရစ်ပေါ် အုပ် (ခင်းတယ်ပေါ့) လိုက်ပါတယ်။ အဲဒါနဲ့ မိုးပြန်ရွာ၊ သဲတွေ ကျောက်တွေ ကတ္တရာတွေက ကားဘီးနဲ့ မိုးနဲ့ ပြန်ပြီး ကွာထွက်ပြီး ပျက်စီးတဲ့ သံသရာ လည်နေပါတယ်။

            နွေရာသီမှာ လမ်းခင်းပုံကလည်း လမ်းပေါ်မှာ ကတ္တရာတွေကို ဖြန်းပြီး ခင်းလိုက်တာပါပဲ။ လုပ်အားနဲ့ ကတ္တရာကို ဖြန်းတဲ့နေရာမှာ မြန်မြန်ပြေးပြီး ဖြန်းနိုင်တဲ့ အလုပ်သမားတွေကို ခန့်ထားပါတယ်။ မြန်မြန် များများ ပြေးနိုင်မှ ကတ္တရာပုန်းတွေ အလုပ်ရှင်တွေအတွက် ကျန်မယ်။ အဲဒါကို အပြင်မှာ ရောင်းပြီး ကိုယ့်အိတ်ထဲ ကိုယ်ထည့်ကြမယ်။ ကတ္တရာလေး နံမယ်ပျက်ရုံ ဖြန်း၊ ကျောက်စရစ်ခဲတွေ ဗန်းထဲ လို်က်ခင်း၊ ထုံးစံအတိုင်း သဲတွေ အုတ်၊ ပြီးတော့ ခင်းထားတဲ့ လမ်းက ပြန်ပျက်နဲ့ သံသရာစက်ဝန်းကလည်နေပါတယ်။

ကတ္တရာလမ်းခင်းပြီး သဲအပေါ်ကအုပ်တာ ဧရာဝတီတိုင်းတစ်တိုင်းထဲသာရှိတယ် ထင်မိပါတယ်။ အခု ဟင်္သာတမြို့ ၏အချက်ချာကျသော   ဗိုလ်ချုပ်လမ်းဆိုတာ လမ်းကလဲ မညီ၊ ဗွက်တွေကလည်း ထ၊ ချိုင့်တွေကလည်း အနှံ့၊ ကတ္တရာလမ်းသာဆိုတယ် ရွံ့နွံတွေနဲ့ လမ်းဆိုးကြီး ဖြစ်နေပါတယ်။ အလက ၃ သွားရာ စစ်ကဲလမ်းမှာလည်း ချိုင့်တွေချည်းပဲ။ စက်ဘီးနဲ့ ကျောင်းတက်သူ ကျောင်းသားတွေအတွက် လမ်းဆိုးတာက အန္တရာယ်ရှိပါတယ်။ လမ်းတွေ ပျက်နေ၊ ချိုင့်တွေ ဖြစ်နေရုံနဲ့ မပြီးသေးဘူး၊ မြောင်းတွေ ပိတ်ဆို့လို့ မြောင်းဖောက်ဖို့ တူးထားတဲ့ အပေါက်တွေလည်းလည်း အနှံ့ဆိုတော့ သတိမထားမိရင် မြောင်းတွေ အပေါက်တွေထဲ ကျပြီး ထိခိုက်နိုင်တယ်၊ သေတောင် သေနိုင်ပါတယ်။ ခုအချိန်ထိဆို ၃ လ ကျောက်နေပါပြီ။

သဲတွေ ကတ္တရာတွေနဲ့အတူ သိတတ် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ ချပေးပါလို့ တောင်းပန်ချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “ဟင်္သာတမြို့က (သဲ)ကတ္တရာလမ်းများကြောင့် ပြည်သူများ ဒုက္ခရောက်
  1. မင်းတြိ့ရွေးထားတဲ့အမတ်ခွေးရူးနဲ့အပေါင်းအကါတွေကသူခြိးတွေချည်းဘဲဆိုတော့ဘယ်ကောင်းတော့မှာလဲ

  2. Right,ပါဘဲ။အမှန်ပြောရင်ဘေးရောက်ဆိုသလိုတမြို့ လုံးကလမ်းတွေ
    စုတ်ပြတ်သတ်နေတော့အမှန်ပြောတဲ့ပြည်သူတွေလမ်းဘေးကဘဲကပ်ပြီး
    သွားနေရတယ်။သဲကတော့စည်ပင်အရာရှိကတော်စိန်နားဘိုးထဲပါသွားလို့ ပါ။
    ကတ္တရာကတော့ကားဝယ်တုန်းကရောင်းစားမိလို့ ပါ။တတ်ကျွမ်းတဲ့အင်ဂျင်နီယာ
    ကတော့ပညာရေးစနစ်တွေတိုးတက်ထွန်းကားလာရင်စစ်မှန်တဲ့ပညာရှင်တွေပေါ်ပေါက်တဲ့အခါ
    လွှတ်ပေးမှာပါ။အခုတော့သီးခံပါအုံး။

  3. လမ်းကို တစ်ခါတည်း ကောင်းအောင်ခင်းလိုက်ရင် တခါပဲ စားရမယ်။ အကြိမ်ကြိမ်ခင်းလို့ရအောင် ထွင်ထားတဲ့ နည်းလမ်းပါ။ အဲဒီလို လမ်းခင်းတဲ့နည်းလမ်းကို ရန်ကုန်မြို့ကြီးအပါအ၀င် တစ်နိုင်ငံလုံးမျာရှိတဲ့ စည်ပင်တွေ၊ လမ်းခင်းတဲ့ အရေးပိုင်တွေ ကျင့်သုံးနေကြတာပါ။ အတော်ကို စိတ်ပျက်စရာ၊ ရွံစရာကောင်းတဲ့.. မဖြစ်သင့်တဲ့ လမ်းဖာတဲ့စနစ်ပါ။ ဒါပေမယ့် အဲဒီပေါက်နေတဲ့လမ်းကို ကိုယ့်အသိနဲ့ ကိုယ်ဖာရင် စည်ပင်ကတရားဆွဲခံရတယ်။ ဒီလို တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုအပေါ် ညစ်ပတ် ဗိုလ်ကျပြီး ကိုယ်ကျိုးအတွက်ပဲ လုပ်နေကြတဲ့ စည်ပင် အကျင့်ပျက် ၀န်ထမ်း အရာထမ်းတွေကို အမြန်ဆုံး အလုပ်ဖြုတ်သင့်ပါပြီ၊ သူတို့အတွက် အလုပ်ပြုတ်လဲ အေးဆေးပါ။

  4. ပြောမနေကျပါနဲ့ဗျာ စည်ပင်ဗိုလ်ကြီးဆိုတာ က ဂေါက်သီးကြီးပဲ စိတ်ဝင်စားတာဗျ။ နောက်လိုက်ငယ်သားတွေကတော့ တမြို့လုံး ဘယ်သူဆိုင်အသစ်ဖွင့်လဲ ဘယ်သူအိမ်ပြင်နေလဲ ဘာဆိုင်းဘုတ်အသစ်တင်လဲ ဒါပဲ စိတ်ဝင်စားပြီးလိုက်ကြည့်ပြီး အခွန်တောင်းဖို့ပဲ စိတ်ဝင်စားတယ်လေ ဂေါက် ရိုက်ဖို့ပဲ စိတ်ဝင်စားတဲ့ခေါင်းဆောင်နဲ့ အခွန်နှိုက်ဖို့ပဲ စိတ်ဝင်စားတဲ့ တပည့်တွေကို ခုလိုပြောရင်လဲ အထက်က ဘာလုပ်ပေးမှာမလို့လဲ အတင်းကျပ်ဆုံးအရေးယူမှ တနေရာ ပြောင်းခိုင်းမှာက အတင်းကျပ်ဆုံး အရေးယူမူပဲလေ တခြား SB တို့ ဒန တို့ ကို အရေး
    ယူခိုင်းတုန်းကလဲ သူတို့ အရေးယူတာက နယ်ပြောင်းခိုင်းတာလေ ပြောမနေကျပါနဲ့ဗျာ တခြားရောက်လဲ ဆက်စားကျမှာပဲလေ ကျွန်တော်တို့ပဲ ခါးစီးခံကျပါစို့ဗျာနော်

  5. သမ္မတကြီးရဲ့ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ဟင်္သာတစည်ပင်။
    ဟင်္သာတမြို့ပဒေသာဈေးကြီးတာကြီးပေါ်တွင်ရောင်းချလျှက်ရှိသောပျံကျဈေးသည်များမှာဈေးတဗန်းလျှင်ဈေးကောက်(၃၀၀)ကျပ်ပေးဆောင်ရပြီး
    တနေ့လုံးရောင်းချပါကညနေပိုင်းတွင်ထပ်မံ၍တကြိမ်(၃၀၀)ကျပ်ပေးရပါသည်။ထို့အပြင်ဈေးတာဝန်ခံဦးမြင့်စိုး၏(တိတ်တိတ်ပုန်း)ဇနီးမချိုဆိုသူမှသန့်ရှင်းရေးခွန်ဟုဆိုကာဈေးကောက်နှုန်းထားအတိုင်း(၃၀၀)ကျပ်ကောက်ခံပါတယ်။
    ယ္ခုလိုမိုးရာသီအရောင်းအ၀ယ်မကောင်း၍လျှော့ပေါ့ပေးပါရန်တောင်းပန်သော်လည်းဈေးကောက်,ကောက်ခံသူမှလေလံကိုသိန်းရာချီပေးဆွဲရတာ,စည်ပင်ဗိုလ်ကြီးကိုလည်းလစဉ်ကြေး(၁)သိန်းပေးတာမလျှော့နိုင်ဘူးမပေးနှိုင်ရင်လာမရောင်းနဲ့ဟုမောက်မာစွာပြောဆိုပါတယ်။စားစရာမရှိ၍ကန်ဇွန်းရွက်လေးခူး
    ချဉ်ပေါင်ရွက်လေးခူးပြီးလာရောင်းကြသူများမှာမတရားခွန်များပေးဆောင်ရသဖြင့်တပြားမှမကျန်တော့ပါ။မြို့နေပြည်သူမွဲတေနေသလောက်စည်ပင်နှင့်အပေါင်းပါများကတော့စည်ပင်ဝဖြိုးလျှက်ရှိပါကြောင်းသမ္မတကြီးသိစေရန်တင်ပြလိုက်ရပါသည်။

Comments are closed.