၈၈၈၈ ကာလ ဒီမိုကရေစီ စာစောင်တွေ အများကြီး ထွက်ရှိခဲ့။ ဆည်ရေ ကျိုးကျလာသလိုမျိုး၊ လူထုဘက်က အသံတွေ… အဖြစ်မှန်သမိုင်းတွေ …။ ၀ရဇိန် စာစောင်လို့ ထင်တာပဲ။ အမေ ဒေါ်ခင်မျိုးချစ် ရေးတဲ့ `ငါပြောမယ် ကိုယ်ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်´ ဆိုတဲ့ ဆောင်းပါးကို ဖတ်ခဲ့ရတယ် …။ ဗိုလ်နေ၀င်းနဲ့ မဆလ ခေါင်းဆောင်တွေကို ရေးတဲ့စာဖြစ်တယ်။ အခု မီဒီယာ လွတ်လပ်ခွင့် တကယ်များ ရခဲ့ရင် စာပေစီစစ်ရေး (၀ါ) စာပေကင်ပေတိုင်ရုံး မရှိတော့ရင်ဖြင့် ဖေါ်ပြပါ စာမျိုးတွေ ပြည်တွင်းမှာ ထွက်ရှိခွင့် ရခဲ့ရင် သိပ်ကောင်းမှာ … ကာတွန်းက လက်ရှိဗမာပြည်ရဲ့ အဖြစ်မှန် ဘ၀သရုပ်ကို ပေါ်လွင်တယ်။ ခုချိန်မှာ ၈၈၈၈ ကာလကို သိပ်ပြီး လွမ်းမောတမ်းတနေတာပဲ …