၁၉၈၈ ဇွန် တစ်ပါတီစနစ်ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ်လှုပ်ရှားမှု ငွေရတုအကြို နှစ်ပတ်လည်အခမ်းအနားကျင်းပ

တာရာဝေယံ
ဇွန် ၁၈၊ ၂၀၁၂

၁၉၈၈ ဇွန် တစ်ပါတီစနစ်ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ်လှုပ်ရှားမှု ငွေရတုအကြို နှစ်ပတ်လည်အခမ်းအနားကို ဇွန် ၁၇၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီး သီရိခမ်းမမှာ ကျင်းပခဲ့ပါတယ်။

သဘောထားကြေညာစာတမ်း

အခမ်းအနားကို မျိုးဆက်အသီးအသီးက နိုင်ငံရေးသမား ငါးရာကျော်တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို ၁၉၈၈ ဇွန်၊ တစ်ပါတီစနစ်ဆန့် ကျင်ရေးမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုများက ဟောပြောခြင်း၊ ကြေညာချက်ဖတ်ကြားခြင်းများကို ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုညိုထွန်း၊ ကိုမြင့်ဆွေ၊ ကိုဆန်နီ၊ ကိုမင်းကိုနိုင် စတဲ့သူတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဒဂုန်တာရာ၏ ကျောင်းသား ပြည်သူများသို့ ပန်ကြားလွှာ

အခမ်းအနား ဒုတိယပိုင်းမှ တကသအဆောက်အအုံ ပြန်လည်ဆောက်လုပ်ရန်အတွက် ရှင်းလင်းတင်ပြခြင်း၊ ယာယီကော်မတီဖွဲ့စည်းခြင်း၊ အမြင်သဘောထားများ တင်ပြခြင်းတို့ပြုလုပ်ရာမှာ ၁၉၆၂ တကသခေါင်းဆောင် ကိုလှရွှေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုဆန်နီ၊ ကိုညိုထွန်း၊ ဦးလေးမြင့် စတဲ့သူတွေက ပါဝင်ပြောကြားခဲ့ကြပါတယ်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

“တကသအဆောက်အအုံကို ပြန်ဆောက်ရာမှာ ၁၉၆၂ ခုနှစ်က ဆဲဗင်းဂျူလိုင်ကိစ္စကို မဖြေရှင်းဘဲ ဆောင်ရွက်ဖို့ မသင့်ဘူး” လို့ ဦးလှရွှေက ပြောကြားသလို ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့က “တကသအဆောက်အဦကို အမျိုးသားပြန်လည်သင့်မြတ်ရေး သင်္ကေတအဖြစ် ပြန်လည် တည်ဆောက်သင့်ကြောင်း” ပြောကြားသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးလှကွန့် နှင့် ဦးလှရွှေ

ကိုမြင့်ဆွေနှင့် ကိုမင်းကိုနိုင်

ကိုကိုကြီးနှင့် ကိုဌေးကြွယ်


ကိုဆန်နီ