>Maung Saga (Bangkok) – Letter to

>

ဘာသာရေးနဲ့လောက၀တ်
မောင်စက္က (ဘန်ကောက်)
ဒီဇင်ဘာ ၂၀၊


ဒီဇင်ဘာလ ၁၈ ရက်ထုပ်ဝေတဲ့ မိုးမခဂျာနယ်မာ ပံ့သကူ -ရှင်ငယ်က သံဃနာယက ဆရာတော်ဘုရားတွေ သာဓုဆရာတော်ကို အရေး ယူခြင်းအပေါ် သူ့အမြင်ကို တင်ပြထားပါတယ်။ အဲဒီအပေါ် မကျေနပ်လို့ ရှင်ဓမ္မိဿရ အရှင်ဘုရားက မဟနဆရာတော်တွေဘက်က ကာကွယ်ပြီး – ရှင်ငယ်ကို အပြစ်နဲ့စွပ်စွဲပြီး comment ပေးထားတတွေ့ရတော့ “အော် သာသနာတော်မာလည်း အာဏာရှင်လေးတွေ (ပေါက်စ လေးတွေ) ရှိကြပါပကောလား “ဆိုပြီး စိတ်မကောင်းဖြစ်ရပါတယ်လေ။

အရှင်ဓမ္မဿာရက ရှင်ငယ်ဆီက အီးမဲလ်အကောင့်ကို ထိပ်တိုက်ဆွေးနွေးရအောင်ဆိုပြီး တောင်တောင်းထားလေတော့ အတော့်ကို ခံပြင်း ပုံရပါတယ်။အဲဒီအရှင်ဘုရားပြောတာကတော့ “ငါ့ရှင် တနေ့စာဘယ်နှဝါချပါသလဲ. ချခဲ့သလဲ။ ခုရော ဘယ်နှဝါလိုက်နေလဲ။ ဘယ်နှဝါချနေ လဲ မဟနအားလုံး သာသနာအတွက်အလုပ်လုပ်နေပါတယ်။ ရုံးထိုင်ရင်ထိုင် မထိုင်ရင် စာချတရား ဟောလုပ်နေပါတယ် ငါ့ရှင်ကရော ..ရွှေည၀ါဟာရောင်ဝါးကြီး ဆိုတာ ရော…ငါ့ရှင်သိပါလား..။ ဆွေးနွေးလိုတယ်ဆိုရင်..ဂျီတော့အကောင့်ပေးပါမည်။” တဲ့။ သူပြောတာ ဟုတ်တော့ ဟုတ်ပါတယ်- ဒါပမဲ့ ဘက်လိုက်မှုမကင်းဘူးလို့ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘုန်းကြီးလူတန်းစားတွေက ဘက်လိုက်တဲ့ဝါဒကို မဆုပ်ကိုင်သင့်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်မို့ပါ။ ခေါင်း ဆောင် ဆိုတာ ဘက်မလိုက်ရဘူး၊ အမှန်ဘက်က မားမားမတ်မတ်ရပ်တယ်ရဲရတယ်။ ဒါ ဦးဇင်းတို့တိုင်းပြည်ရယ်လို့မဟုတ်ဘူး- တိုးတက်သော-လူ့ဘောင်ကိုဦးဆောင်မည့် ခေါင်းဆောင်တိုင်း လိုက်နာကျင့်သုံးရမည့် အချက်ပဲ။ လောကကို ခေါင်းဆောင်တွေက လမ်းပြတယ်၊ လူတွေက အလှဆင်တယ်။ လောကကို အလှဆင်တယ်ဆိုတာ – တိုင်းပြည်တပြည်ချင်းကို အလှဆင်တတ်မှဖြစ်မည်။ တိုင်းပြည်တပြည်ကိုအလှဆင်ချင်ရင်- လူတဦးချင်းစီရဲ့ အယူဝါဒ၊ စရိတ်တွေကို အကောင်းဘက်သို့ပံ့ပိုးပြီး ဦးဆောင်နိုင်မှုရှိ ရမည်ဖြစ်သည်။ ခုဟာက ခေါင်ဦးကမိုးယိုလို့ တအိမ်လုံးစို သလိုမျိုးဖြစ်နေတာ။ ကမ္ဘာကြီးကလက်ခံထားတာက သူတို့ကိုးကွယ်ကြတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လောကမာ ပါဝါအရှိဆုံး- အဖြောင့်မတ်ဆုံး- ဒီမိုကရက်တစ်အကျဆုံးသော ခေါင်းဆောင်ကောင်းတွေထက် သာလွန်သော ဖြောင့်မတ်မှု၊ တည်ကြည်မှု တွေရှိတယ်လို့ တညီတညွတ်တည်းခံယူထားကြတယ်။ ဒါကြောင့်လည်း သူတို့ဘာရေးခေါင်းဆောင်တွေကို ဦးထိပ်မှာတင်ထားကြတာပါ။ ဒီနေ့မြန်မာနိုင်ငံမာတော့- ဘာသာရေးခေါင်းဆောင်တွေကလည်း – justice သဘောကို မျက်ကွယ်ပြု၊ တိုင်းပြည်အုပ်ချုတဲ့သူတွေကလည်း မျက်ကွယ်ပြုနဲ့ – ပြည်သူတွေဟာ တကယ့်အားကိုးရာ၊ ခိုကိုးရာမဲ့နေရှာလေတယ်။ သနားတတ်ရင် ရင်ကွဲနာတောင် ကျလောက်ပါတယ်။ ဘာမှလုပ်မရတဲ့အဆုံးမာတော့- အတ္တာဟိ အတ္တနော နာထော – ငါသာလျှင် ငါ့ရဲ့ကိုးကွယ်ရာဆိုပြီး- မျက်စိကိုမှိတ်၊ နားကိုပိတ်- အံကြိတ်ပြီး ခံနေကြရရှာနေတယ်။ အားလုံးသော- ခေါင်းဆောင်တွေကတော့ victory ကြီးတွေပေါ့– အားရှိတာကိုး။ ကဲစကားရှည်မာစိုးလို့ မပြော တော့ပါဘူး xx တခါမလည်း မပြောဖူးပါဘူး— အရှင်ဓမ္မိဿရကိုတော့ ဆက်ပြီးလျှောက်ထားချင်ပါတယ်လေ—-

ရိုသေလေးစားရပါသော အရှင်ဘုရားဓမ္မိဿရဘုရား- တပည့်တော်ကို လျှောက်ထားခွင့်ပြုပါဘုရား—

အရှင်ဘုရားကြည်ညိုသလို တပည့်တော်လည်း သာသနာအတွက် တကယ်အလုပ်လုပ်၊ ရပ်တည်ပေးတဲ့ – သိက္ခာကာမဖြစ်တဲ့ ဗန်းမော် ဆရာတော်ကြီးတို့၊ ယောဆရာတော်ဘုရားကြီးတို့လို ရှားရှားပါးပါးပုဂ္ဂိုလ်တွေကို ကြည့်ညိုပါတယ်။ မပြစ်မှားရဲပါဘူး။

တပည့်တော်တခုမေးချင်တယ်ဘုရား- သာသနာပြုတယ်ဆိုတာ ဘာပါလဲဘုရား။ သင်ယူခြင်း၊ ကျင့်ကြံအားထုပ်ခြင်း၊ ထိုးထွင်းသိမြင်ခြင်း အပြင်၊ တကာတကာမတွေရဲ့ ကုသိုလ်အရေး– ဘ၀ကြီးပွားရေး၊ ချမ်းသာရေး – စတဲ့ အကျိုးစီးပွားတွေအတွက် ဟောပြောတာကို ကော အရှင်ဘုရားက သာသနာပြုတာမဟုတ်ဘူးလို့ဆိုချင်တာလားဘုရား။ ၀ိနည်းမဟာဝါ ပါဠိတော်မာ အရှင်ဘုရားတွေ့ဘူးမှာပါ။ “လူတွေ အကျိုးကျေးဇူးများဖို့အတွက် ခရီးထွက်ကြ၊ တရားဒေသနာတော်တွေကိုဟောကြဆိုတာလေ’’ ဘုရား၊ အဲဒီစကားဟာ ဘုရားရှင် လုံးဝပြောခဲ့ တယ်ဆိုတာ အရှင်ဘုရားလက်ခံရင်– သာသနာပြုတယ်ဆိုတာ – လောကကြီးပွားအောင် သာသနရှုထောင့်က အလုပ်လုပ်တာမဟုတ်လား ဘုရား။ တကယ်တော့ စာချတယ်ဆိုတာ — သာသနာ သုံးခုထဲက – သင်ယူခြင်း အဆင့်လောက်ပဲ ရှိဦးမာပါ။ အဲဒါကို လေ့ကျင့်ဖို့ အပိုင်း နှင့်သိမြင်ဖို့ အပိုင်းတို့ ကျန်ပါသေးတယ်။ တပည့်တော်တို့ စာချတဲ့ဘုန်းကြီးတွေက စာချရင်ပြီးရောဆိုပြီး- စာလေး တ၀ါချလိုက်၊ အိပ်လိုက် နဲ့- အဲဒီကစပြီး – လေ့ကျင့်မှုသာသနာကို စပြီးဖျောက်နေကြပြီးဘုရား။ လေ့ကျင့်မှုမရှိတဲ့အခါကျတော့ စိတ်ကိုမထိမ်းနိုင်– ဒီတော့ပုထုဇဉ်ပီပီ အားလုံးမဟုတ်တောင် မာတုဂါမတွေနဲ့ပြစ်မှားတဲ့ ဆရာတော်တွေ ကမ္ဘာအေးမှာ ရှိနေပါတယ်ဘုရား။ အဲဒီမှာ တာဝန်ကျတဲ့ ဒကာတွေဆို ပိုသိမာပေါ့။ အဲဒါ သင်ရုံသင်ပြီး၊ အကျင့်ကို မကျင့်လို့မလားဘုရား။ တပည့်တော်လျှောက်ထားချင်တာက– သာသနာတော်ကို မြတ်စွာ ဘုရားရှင်တည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်က – လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးများဖို့၊ ကြီးပွားတိုးတက်ဖို့အတွက်ပါဘုရား။ လောက ကြီးပွားဖို့ ရှေ့ဆောင်ပြီးအလုပ်လုပ်ရင် ဘုရားလည်းကြိုက်မှာပါ။ သူကိုယ်တိုင် လောကအတွက်သာ အဓိကထားပြီး အလုပ်လုပ်ခဲ့တာ ကိုးဘုရား။ တပည့်တော်ပြောတာ လက်မခံရင်- မဟာယာန၊ ထေဂ၀ါဒ ကျမ်းစာတွေထဲမှာ ရှာကြည့်ပေါ့ဘုရား။ တိုက်ခိုက်တာမဟုတ်ပါဘူး။ ဒကာ/မတွေ လှူဒါန်းတဲ့ဆွမ်းခဲဘွယ်တွေသုံးပြီး အဲဒီလူတွေအတွက် အလုပ်လုပ်မပေးရင် တာဝန်ကျေနိုင်ပါ့မလားဘုရား၊ ဆရာကြီးဦးရွှေ အောင်စကားနဲ့ပြောရရင်တော့– ကူညီယိုင်းပင်းမှုတွေပါမှ လောကကိုတာဝန်ကျေတယ်တဲ့ဘုရား။ သားသမီးတွေတောင် – မွေးဖေ၊ မွေးမေ နှင့် ပြုစုစောင့်ရှောင်တဲ့သူတွေကို ကြီးရင် ပြန်ပြီးကျေးဇူးကျေတတ်ကြပါတယ်။ တပည့်တော်တို့က ခု- ဒကာ/မတွေအတွက်မပြောနဲ့ ဘုရား အတွက်ကိုတောင်တာဝန်မကျေကြဘူး။ မဂ္ဂင်ရှစ်ပါးကို စာအုပ်တွေနဲ့သင်တယ်၊ လက်တွေ့မသင်ဘူး၊ ဘုရားက လက်တွေ့သင်ဖို့ပြော တယ်- စာအုပတွေမာ မှတ်ပြီးရောလုပ်တယ်။ မဟောဘူး၊ မပြောဘူး။ လူမှူရေးတွေမလုပ်ဘူး။ ဒါနသဘောကို တွင်တွင်ဟောပြီး၊ လောက အတွက် အုပ်တချပ်တောင် မလုပ်ပေးချင်ကြတဲ့ ဆရာတော်တွေ အများကြီးပါဘုရား။ ဒီနေ့မြန်မာနိုင်ငံမှာ လိုနေတာက လူမှူကူညီရေးတွေပါ။ ရှုထောင့် မျိုးစုံကလိုနေတာပါ။ ဆရာတော်တွေက ကားကောင်းစီး၊ အဲဂွန်းအောက်မာအိပ်၊ ဘဏ်မာငွေကို ပုံမှန်စု။ ပြည်သူတွေက ချွေးနဲ စာလေးနဲ့ လှူနိုင် တန်းနိုင်အောင် ကြိုးစားကြ။ အင်မတန်ကို သနားစရာကောင်းပါတယ်ဘုရား။ သို့သော် ဆရာတော်တွေကတော့ ခပ် တည်တည်လေးနဲ့ပေါ့။ တရားအလုပ်ပဲလုပ်သလိုလို၊ မဆိုင်သလိုလိုပေါ့ဘုရား။ ဘုရားက အရှင်ဓနိယ မြေသားတွေနဲ့ကျောင်းဂူလေးဆောက် တာတွေ့တော့- အော်ရဟန်ဖြစ်ပြီး- ပိုးရွတွေကို သနားကောင်းရမှန်းမသိလိုက်တာလို့ မိန့်ခဲ့ဘူးပါတယ်ဘုရား (ပါရာဇိကဏ်ပါဠိတော်)။ ပိုးရွကိုတောင် သနားဖို့မိန့်ခဲ့ပေမဲ့ ဒီနေ့ဆရာတော်တွေကတော့ ဇာတ်တူဖြစ်တဲ့- ကိုယ့်ကိုကိုးကွယ်နေ၊ မှီခိုနေတဲ့ ပြည်သူဟူသော ‘ကာ/မ တွေကိုဖြင့် မသနားလိုက်တာ အံ့ဖို့ကောင်းနေပြီဘုရား။

ရှည်ရှည်ဝေးဝေး မပြောချင်ပါဘူး။ စာတ၀ါချရုံမျှဖြင့် သာသနာကြီးပြုလေပြီလို့် မထင်လိုက်ပါနဲ့ဘုရား။ ရာစုနှစ်တခုမပျော်ခင် ဘုရား သာသနာ (ထေရ၀ါဒ) ကို အရောင်ဆိုးခံသွားရလိမ္မည်။

အားလုံးသော သတ္တ၀ါအပေါင်းတွေ ကျန်းမာချမ်းသာကြပါစေ။

email – Vesalli.09@gmail.com