>donation to Buddha Tooth Relic

>

ဗုဒ္ဓမြတ်စွယ်တော် အလှူငွေ ကျပ် သန်း တထောင်ကျော် ရရှိ
မိုးမခအထောက်တော် ဝဝ၎
ဒီဇင်ဘာ ၉၊ ၂ဝ၁၁

နေပြည်တော် နှင့် ရန်ကုန်တို့တွင် တလကြာ အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်သည် အလှူငွေ ကျပ် သန်းတထောင်ကျော်နှင့် နိုင်ငံတကာငွေ အမြောက်အမြား ရရှိခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။

ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်တွင် ၁၆ ရက်၊ ရန်ကုန်တွင် ၁၆ ရက် အပူဇော်ခံခဲ့ပြီးဖြစ်သည်။ ယမန်နေ့က မန္တလေးမြို့သို့ ၁၆ ရက်ကြာ အပူဇော်ခံရန် ရောက်ရှိသွားသည်။

ဗုဒ္ဓမြတ်စွယ်တော်သည် မန္တလေး မဟာအတုလဝေယန်(အတုမရှိ ) ကျောင်းတော်ကြီးအတွင်း၌ “ဒီဇင်ဘာ ၂၃ ရက်
အထိ ယာယီ ကိန်းဝပ် စံပယ်တော်မူမည်ဖြစ်ပြီး နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ
ရဟန်းရှင်လူ ပြည်သူအပေါင်း လာရောက်၍ ဖူးမြော် ကြည်ညို ပူဇော်နိုင်ကြမည်” ဟု ကြေးမုံသတင်းစာတွင် ရေးသားထားသည်။

မန္တလေးတွင် စံပယ်တော်မူပြီးပါက ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်ပြည်သို့ ပြန်လည် ကြွချီမည်ဖြစ်သည်။

လှူဒါန်းမှု ကျပ်၊ ဒေါ်လာ၊ ရတနာ
ကျပ် – ၁,၅ဝ၈,၁၆၈,၉၈၆၊
ဒေါ်လာ – ၇၃,၇၉၉
ကျပ် – ၁,ဝ၄၉,၆ဝဝ,၆ဝဝ (လက်ဝတ်ရတနာများ၏ ခန့်မှန်းတန်ဖိုး)
နိုင်ငံတကာ ငွေကြေးမျိုးစုံ