>News & Media

>

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးလွင်ဈာပန
ရန်ကုန်၊ ဒီဇင်ဘာ ၉၊ ၂၀၁၁
တာရာဝေယံ


၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ အင်္ဂါနေ့ည ၈း ၄၀ အချိန်မှာ ကွယ်လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချု့် ဦးလွင် ၈၈ နှစ်ရဲ့ ဈာပနကို ဒီနေ့ နေ့လည် ၁း ၁၅ အချိန်က ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ပြီးစီးခဲ့ပါတယ်။

ဈာပနအခမ်းအနားကို မိသားစုဝင်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနဲ့ နိုင်ငံရေးပါတီ အင်အားစုအသီးသီးက ပုဂ္ဂိုလ်များ ၁၅၀၀ ခန့် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ကွယ်လွန်သူအားရည်စူးပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် တနင်္လာနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေးတရားတော်နာယူမှာဖြစ်တဲ့ အတွက် အမှတ် (၁၅/က) ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့နေအိမ်သို့ ကြွရောက်ပါရန် ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။