ဓာတ်ပုံသတင်း

Mya Sein Taung Sayadaw Dhamma Talk

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြစိမ်းတောင်ဆရာတော် တရားပွဲ ဘေးဧရိယာမှာ ကျင်းပ

ကျော်နိုင်၊ ဧပြီ ၂၉ ၊ ၂၀၁၃

ဧပြီလ(၂၇)ရက်၊ ၂၀၁၃ ခုနှစ်၊ စနေနေ့ တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ ဖရီးမောင့်မြို့ တွင်   မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ၏ ဓမ္မသဘင်အထူးတရားပွဲကို ဆင်ယင်ကျင်းပခဲ့ပါသည်။ ထိုပွဲစဉ်ကို ဖရီးမောင့်မာဃလုလင်လူငယ်အဖွဲ့ မှ (၂၁)ကြိမ်မြောက် အထူးတရားပွဲအဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ တရားခေါင်းစဉ်မှာ “စစ်မှန်သောအသိ၊ စစ်မှန်သော ငြိမ်းချမ်းမှု၊ စစ်မှန်သောချမ်းသာ” ဖြစ်ပါသည်။

ဆရာတော်ဘုရားမှ နိဗ္ဗာရောက်ကြောင်းတရားတော်ကို ဓမ္မသူတော်စင်၊ သူတော်ကောင်း အပေါင်းတို့ အား နှလုံးသွင်းမှန်ကန်ပြီး၊ ရိုရိုသေသေ နာယူမှတ်သားစေကာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတရားများ အားထုတ်နိုင်ရန် ရည်သန်၍ ဟောကြားခဲ့ပါသည်။ ဆရာတော်ဘုရားအား ကပ်လှူရန် ကောက်ခံရရှိသော လှူဒါန်းငွေများကို ဆရာတော်ဘုရားမှ ဖရီးမောင့် မာဃလုလင်လူငယ်အဖွဲ့ ထံသို့  သာသနာအတွက်အသုံးပြုရန် ပြန်လည်စွန့် ခဲ့ပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts