ဓာတ်ပုံသတင်း

BRFN – Outreach to educate workers rights to Burmese migrant community

BRFNက မြန်မာတိုင်းရင်းသားရွှေ့ပြောင်းမိသားစုများအတွက် အလုပ်သမားရေး ပညာပေး

ကျော်နိုင်၊ ဧပြီ ၂၉ ၊ ၂၀၁၃

            ဧပြီလ(၂၇)ရက်၊ ၂၀၁၃ ခုနှစ်၊ စနေနေ့ တွင် Burma Refugee Family Network  မှ ဦးဆောင်စီစဉ်ပေးသော အလုပ်သမား၊ ၀န်ထမ်းများ၏ ရပိုင်ခွင့်များ သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲကို  Legal Aid Society-Employment Law Center  မှ ရှေ့ နေများ၏ အကူအညီဖြင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ တွင် ကျင်းပခဲ့ပါသည်။

မြန်မာတိုင်းရင်းသားများဖြစ်သော ကရင်၊ ကရင်နီ၊ရခိုင်နှင့် ဗမာတိုင်းရင်းသားအများစု တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဗမာ၊ ကရင်၊ ကရင်နီဘာသာပြန်များကိုလည်း မြန်မာဒုက္ခသည်များ မိသားစုကွန်ယက်မှ ကူညီပံ့ပိုးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သူများမှလည်း သူတို့ လုပ်ငန်းခွင် အတွေ့ အကြုံများကို ရှေ့ နေများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။  အထူးသဖြင့် ရှေ့ နေများမှ အခြားပြည်နယ်များနှင့် မတူတဲ့ ကယ်လီဖိုးနီးယားပြည်နယ်၏ အလုပ်သမားများ ခံစားခွင့်ဥပဒေများကို အချိန်တိုတိုအတွင်းမှာ အတတ်နိုင်ဆုံး ရှင်းလင်းပြောပြခဲ့ပါသည်။ 

Burma Refugee Family Network မှ တာဝန်ရှိသူများက ရှေ့ ဆက်ပြီးတော့လည်း မြန်မာတိုင်းရင်းသား ဒုက္ခသည်များနှင့် ပါတ်သက်သော အစီအစဉ်များရှိကြောင်း ပြောပြခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts