>Save Irrawaddy Initiatives from collective community

>

ဧရာဝတီကို မလွမ်းချင်သူတို့ကစာအုပ်ထုတ်ဝေ
မိုးမခစာအုပ်စင်၊ စက်တင်ဘာ၁၃၊ ၂၀၁၁
“ဧရာဝတီကို မလွမ်းချင်ပါ “စာအုပ် ကို ဖတ်ရှုပါ – ဦးအုန်း၊ လူထုစိန်ဝင်း၊ ဇော်ဂျီ၊ရွှေဥဒေါင်း၊ ပါရဂူ၊ မောင်ဝဏ္ဏ ၊ နေဝင်းမြင့်၊ လေးဖြူ အစရှိသော အနုပညာ၊ အတတ်ပညာရှင်များစုစည်းမူမြစ်တစ်စင်း ရဲ့ အတိတ်၊ ပစ္စပ္ပန်၊ အနာဂတ် အကြောင်းများ တစုစည်းထဲ ဖတ်နိုင်ဖို့ စီစဉ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဧရာဝတီအတွက် “စိုးရိမ်ရေမှတ်တွေ”တထစ်ပြီး တထစ်၊ တဆင့်ပြီး တဆင့်၊ မြင့်တက်ကြီးမားနေချိန်မှာ ဧရာတီရဲ့ အသက်ဝိဉာဏ်ကတော့ပျောက်ကွယ် ဆုံးရှုံးလုနီးပါပြီ။ အဲသည်အတွက် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ လူထုအတိုင်းအတာအသိပညာ၊ အနုပညာ ကိုယ်ထူ ကိုယ်ထ ကိုယ်အားကိုယ်ကိုး လှုပ်ရှားမှုမှာ အားလုံးက ရေတစက်၊ သဲတပွင့်၊အုတ်တချပ် ပါဝင်ကြပါစို့။    
သင်တို့ ဖတ်ရှု လေ့လာဖို့သင့်တော်တဲ့ ဖေ့စ်ဘွတ်နဲ့ ၀က်ဆိုက်က သည်မှာ –
http://www.irrawaddy.info/
http://www.facebook.com/profile.php?id=100002658624310
     အခုကျမှအသစ်ဆိုက်တွေ၊ ဖေ့စ်ဘွတ်တွေ ထလုပ်မယ့်အစား ရှိပြီးသား လှုပ်ရှားမှုတွေ၊ စုဆောင်းမှုတွေကိုအသင့်စားသုံးကြပါစို့၊ သူတို့ကွန်ယက်တွေမှာ ကိုယ့်လှုပ်ရှားမှုတွေ အိုင်ဒီယာတွေ ပံ့ပိုးမျှဝေပေးကြပါစို့လို့တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ကလည်း လက်ဆင့်ကမ်း လက်တို့မယ်၊ လက်တွဲပေးပါမယ်။