>Washington Metroa & Neighbours invite September Event

>

ဝါရှင်တန်မက်ထရိုမြန်မာကွန်မြူနီတီ၏စက်တင်ဘာနှစ်ပတ်လည်အထိမ်းအမှတ်
အစီအစဉ်အတွက်ဖိတ်ကြား
မိုးမခရွာဆော်ကြီး၊စက်တင်ဘာ ၁၂၊ ၂၀၁၁
(၄) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးအလေးပြုခြင်းနှင့် (၂၃)နှစ်မြောက် စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ခြင်း ၀ါရှင်တန်ဒီစီဒေသတ၀ိုက်ရှိမြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများက အောက်ပါအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်းကြေငြာ အသိပေး ဖိတ်ကြားလိုက်ပါသည်ကို လက်ခံရရှိသဖြင့် လက်ဆင့်ကမ်းလိုက်ပါသည်။
မြန်မာပြည်အရေးကိုမိမိတို့မိသားစုအရေးကဲ့သို့ ဦးထိပ်ပန်ဆင်ဆောင်ရွက်လိုသူ မည်သူမဆို
လက်ချင်းချိတ်လုပ်ဆောင်ရန် ကြိုဆို ကမ်းလှမ်းလိုက်ပါသည်ဟု ရေးထားသည်။ အစီအစဉ်ဖော်ပြချက်မှာအောက်ပါအတိုင်းဖြစ်သည်။
” …
နေရာ၊     ၊မြန်မာသံရုံးရှေ့ (၀ါရှင်တန်ဒီစီ) 2300, S Street, NW, Washington DC 20008
အချိန်၊     ၊  နေ့ လည်(၁)နာရီမှ ညနေ (၃)နာရီ။
နေ့ရက်၊   ၊ စက်တင်ဘာ(၁၇)ရက်။ စနေနေ့ ၊
အစီအစဉ် အကျဉ်းချုပ်၊
ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့်သံဃာတော်များက မေတ္တာပို့  ဆုတောင်းမည်။
တက်ရောက်လာသူများမှ မြန်မာပြည်အတွက် စကားပြောကြားမည်။ တောင်းဆိုမှုကြွေးကြော်မည်။ လက်မှတ်ထိုးလှုပ်ရှားမှုလုပ်ဆောင်မည်။
တောင်းဆိုမှုများ
(၁) ပြည်တွင်းစစ် ရပ်စဲရေး
(၂) နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိပြန်လွတ်ရေး
(၃) စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု ဆင့်ကဲဖြစ်ထွန်းရေး
(၄) ဧရာဝတီ ထာဝရ စီးဆင်းရှင်သန်ရေး
လေးစားအပ်ပါသော မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများသို့စက်တင်ဘာသည် စစ်တပ်မှ အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းခဲ့သည့် ရွှေဝါရောင်(သံဃာဦးဆောင်မှု)တော်လှန်ရေး (၄) နှစ်မြောက်ခဲ့ပြီဖြစ်သည်။ ၁၉၈၈ ခုနှစ် ကျောင်းသားသူ ပြည်သူများကိုပစ်ခတ်ဖမ်းဆီး၍ အာဏာသိမ်းယူခဲ့သည်မှာလည်း (၂၃)နှစ် မြောက်ခဲ့ပြီဖြစ်သည်။ နှစ်များစွာကြာ၍  မည်မျှပင် ဖုံးဖိထားစေကာမူ အဖြစ်အပျက်များသည့် မေ့ဖျောက်မရသည့်သမိုင်းမှတ်တမ်းများပင်ဖြစ်သည်။  ယနေ့ အချိန်အထိစစ်အာဏာရှင်တို့သည် တာဝန်ယူဖြေရှင်းရမည့်ကိစ္စရပ်များအား မျက်နှာလွဲ၍  ပုံစံအမျိုးမျိုးပြောင်းကာ၎င်းတို့ အကျိုးစီးပွားအတွက်သာ တိုင်းပြည်ကို အသုံးချနေဆဲဖြစ်သည်။
မြန်မာပြည်တွင် လူ့အခွင့်အရေးများချိုးဖောက်ခံနေရဆဲ။ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေဆဲ။ နိုင်ငံရေးအကျဉ်းသားများကို ချုပ်နှောင်ထားဆဲ။အခြေခံလွတ်လပ်ခွင့်များ ဆုံးရှုံးနေဆဲ ဖြစ်သည်။
မိမိတို့ မွေးဖွားကြီးပြင်းခဲ့သည့် မြန်မာနိုင်ငံအားစစ်မှန်ငြိမ်းချမ်းဖွံ့ ဖြိုးတိုးတက်သည့်နိုင်ငံတခုအဖြစ် အမှန်တကယ်ရောက်ရှိရန် ပြည်ပရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဖက်မှဝိုင်းဝန်းကူညီ ဖိအားပေးဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
စစ်မှန်သည့် ငြိမ်းချမ်းသာယာရေးကိုရှေ့ ရှုလျက်
စည်းရုံးလှုံဆော်သူများ
Washington DC, Virginia, WestVirginia, Maryland …”