>
မေလ ၉၊ ၂၀၁၁
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဂျပန်-မြန်မာငလျင်ဘေးကယ်ဆယ်ရေး ဂီတပဒေသာကပွဲ
Photo : Willian Wong
၂၀၁၁၊ မေလ ၇ ရက်၊ စနေနေ့ညက သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Granville Townhall တွင် ဂျပန်-မြန်မာ ငလျင်ဘေးကယ်ဆယ်ရေး ရန်ပုံငွေ ဂီတပဒေသာကပွဲကျင်းပရာ ပရိတ်သတ် ၁၀၀ ကျော် လာရောက်အားပေး ကြပြီး အလှူငွေ $ 4000 ကျော်ရရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ ဂီတပဒေသာကပွဲတွင် ဂျပန်သူ Yuritaka hashi နှင့် လောကနတ် မြန်မာ့ရိုးရာတူရိယာအဖွဲ့တို့ ပူးပေါင်း၍ ဂျပန်-မြန်မာအဆို အကများ၊ ရှမ်းအိုးစည်နှင့် ဦးရွှေရိုး – ဒေါ်မိုးအက၊ ကာရာအိုကေ အဆိုအကများ ပါဝင်ကြောင်း၊ ဂျပန်ခရီးသွားလာရေးအဖွဲ့မှ လက် ဆောင်ပစ္စည်းများ အမှတ်တရဝေ ငှခြင်း၊ အော်ဇီ တိုင်းရင်းသူတစ်ဦးမှ ရှေးဟောင်းမြန်မာ ဓာတ်ပြား ၁၈ ချပ်ကို အဖွဲ့ဥက္ကဌ ဒေါက် တာ ကျော်မြင့် ထံ ပေးအပ်ခြင်းနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များမှ အမှတ်တရစကားများပြောဆိုကြပြီး၊ ညစာစားသောက်စ ရာ များ ဈေး ရောင်း၍ လှူဒါန်းခြင်းများပြုလုပ်လျက် ည ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးကြောင်း သတင်းရရှိပါ သည်။