>
ကျနော် သေသွားတဲ့အခါ
ဒီလက်မျိုး
ဧပြီ ၁၃၊ ၂၀၁၁
ကျနော်သေသွားတဲ့အခါ
ပြန်တမ်းတရလို့ မရသောဘ၀က
ကျနော့်မယား
အေးအေးသင်းကိုနှစ်သိမ့်ပါ
အမေ့လက်ဖျားတွေကိုကိုင်ပါ
လရောင်ကို ဂရုစိုက်ပါ။
ကျနော်သေသွားတဲ့အခါ
ထိုင်းနိုင်ငံက
ကဗျာဆရာ မောင်လွမ်းဏီကို သတိရပါ
အမအေးအေးမာကို ဖျောင်းဖျပါ
အောင်ကျော်ဇာနည်ကို မြန်မာလိုပြောပါ။
ကျနော်သေသွားတဲ့အခါ
သူငယ်ချင်း သစ်ကောင်းအိမ်ကို ကဗျာကောင်းတွေ ရေးခိုင်းပါ
ကေခိုင့်ကို လွမ်းခိုင်းပါ
ခွန်းချိုသာကို မြန်မာလိုကဗျာရွတ်ခိုင်းပါ။
ကျနော်သေသွားတဲ့အခါ
ရွှေငါးလေးတွေကို ဂရုစိုက်ပါ
အကိုအောင်သာငယ်ကို ဂရုစိုက်ပါ
ကဗျာတပုဒ်ကို အလေးပြုပါ
ကမ္ဘာကြီးရဲ့ ကျန်းမာရေးကိုလည်း လေးစားပါ။
ကျနော်သေသွားတဲ့အခါ
မိုးကျော်နဲ့ ခင်နှင်းသာရဲ့
မင်္ဂလာဦးကိုသတိရပါ။
ပြီးတော့ …
အရက်မူးပြီးငိုတတ်သူကို ဆဲပါ။
ကျနော်သေသွားတဲ့အခါ
ဆူရှီဘ၀က မိုးနဲ့ နုကို ချစ်ပြီး
တဘ၀လုံးစာတွေ ရင်းနှီးပေးခဲ့တဲ့
ကိုမိုးကျော်ဦးကို သတိရပါ။
ချစ်သူတရေးနိုးလေးကို ပြောပြပါ၊
ကျနော်သေသွားတဲ့အခါ
ကျနော့်ကဗျာတွေကို တခါတခါ ချစ်ပါ
တခါတခါ မိုက်ရိုင်းတတ်သူကိုလဲ တမ်းတပါ
သေချာတာကတော့
ကျနော်သေသွားတဲ့အခါ …
လရောင်ကို သတိရပါ
ဧရာဝတီဖျာပုံသားတယောက်ကို သတိရပါ။
ကိုအောင်ဝေးကို သတိရပါ
မောင်လွမ်းဏီကိုသတိရပါ
သစ်ကောင်းအိမ်ကိုသတိရပါ
အောင်သာငယ်ကို သတိရပါ
ဗိုလ်စံကို သတိရပါ
မိုးကျော်ကိုသတိရပါ
ပြီးတော့
ကျနော်သေသွားတဲ့အခါ …
…
(ဖေဖေါ်ဝါရီ ၃။ ၂၀၁၁)