>Burmese Beggers Children to become School Children

>

မဲဆောက်တွင် မြန်မာလေးငယ်တို့ သူတောင်းစားမှ ကျောင်းသားသို့ ပြောင်းမည်
မိုးမခအထောက်တော် မဲဆောက်
ဧပြီ ၁၂၊ ၂၀၁၁
ယနေ့နံနက် ၁၀ နာရီက မဲဆောက်မြို့ ဖဝေါးဆေးရုံးအနီး အမျိုးသားလူငယ် ရုံးတွင်    http://myanmarchildrenhelp.blogspot.com/  “နေရောင်အောက်မှ အလင်းမဲ့သူများ” ဘလော့ဂ်စာမျက်နာမှ ကျင်းပသော သူတောင်းစားနှင့် လေလွင့်လူငယ် ပပျောက်ရေး အစီအစဉ် အခမ်းအနား ကျင်းပသည်ဟု ဆိုသည်။
နွမ်းပါးကလေး ၁၅၀ ကိုလည်း ဒံပေါက် ကျွေးခဲကြောင်း၊ အခမဲ့ဆံသ ပေးခဲ့ပြီး လိုအပ်ချက်ရှိသည်များကို ဆောင်ရွက် ပေးခဲ့ကြောင်း ပြောကြားသည်။  ကျောင်းနေချင်သော တောင်းရမ်းစားသောက်နေရသူ ကလေးငယ်များကို လာမည့်ကျောင်းဖွင့်ချိန်တွင် ကျောင်းထားနိုင်ရေးအတွက် “သူတောင်းစားမှ ကျောင်းသားသို့ ” အစီအစဉ်ကိုလည်း စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အခမ်းအနားအစီအစဉ်ကို နေလည် ၁း၀၀ ရီတွင် ပြီးဆုံးသွားပါသည်။ 
ရုပ်သံကို သည်မှာ ကြည့်နိုင်ပြီ။