>Free Summer English Classes offered by NLD in Insein T.S.

>

အင်းစိန်မြို့နယ်တွင် နွေရာသီ အင်္ဂလိပ်စာသင်တန်း အင်န်အယ်ဒီက ပညာဒါနပြု
အင်န်အယ်ဒီမိတ်ဆွေများ (အင်းစိန်)
မတ် ၁၆၊ ၂၀၁၁
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကလေးများ အင်္ဂလိပ်စာ တိုးတက်မှုရရှိစေရန်ရည်ရွယ်ကာ အင်းစိန်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပညာဒါနသင်တန်း ကို မတ်လ ၁၅ ရက် နေ့လည် ၃ နာရီတွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။
အဆိုပါ ပညာဒါနအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်များပညာရေးတိုးတက်စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်တင် တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲံပါတယ်။
 ယနေ့ဖွင့်လှစ်လိုက်သော ပညာဒါနအစီအစဉ်တွင် ပဉ္စမတန်းမှ အဌမတန်းထိ ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ဆရာ ဦးမောင်မောင်ဌေးက သင်ကြား ပို့ချပေးမည်ဟုလည်း သိရပါတယ်။
(ဓာတ်ပုံ – အင်န်အယ်ဒီမိတ်ဆွေများ၊ အင်းစိန်)