>Aung Tha Nge’s poem – 12

>


ပို့လန်း (၁)
အောင်သာငယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၁

 
photo: tiangotlost


နင်းတက်သွားလိုက်
ဆင်းချသွားလိုက်နဲ့
ကတ္တရာ လမ်းမများက…
ကောက်ကွေး ကော့တက်…
မိုးပေါ် ကော့ပျံ
ရိုးပေါ် အော့အန် နေတဲ့မြို့…

စက်ဘီးစီးသူတွေက
နေရာတကာ…
နင်းလိုက်… တက်လိုက်
ဆင်းလိုက်… သက်လိုက်နဲ့…
ရင်ခုန် မောဟိုက်…
ရယ်မော ပျော်မိုက်…
အဲသလို…အဲသလို…
လှိုက်ဖိုကြီးငယ် တောင်ကုန်း အသွယ်သွယ်ကို
သူ့ခါးမှာ…
တမင်တကာကို
စလွယ်သိုင်းထားပါတဲ့… မြို့…

နှာခေါင်းမှာ…
နားရွက်မှာ…
မျက်ခုံးမှာ…
ပါးမှာ…
နှုတ်ခမ်းမှာ…
အို… ကွာ….
ဟို… နေရာပါ… မကျန်လောက်အောင်….
အပေါက်ပေါင်းများစွာ
ဖောက်ထားသူမျိုးစုံ…နဲ့…
သူပုန်ထနေခဲ့တဲ့… မြို့…

မိန်းမလည် သိန်းကြွယ်ကို…
နံမည် ဖျက်ဦးမယ့်.. မြို့…

မိန်းမ မာယာ သဲ ကိုးဖျာလောက်ကိုတော့…
နော့ကောက် ထိုးချပစ်ပြမယ့်… မြို့…

ခင်ဗျားတို့ကို…
ကျုပ်… လက်တို့ထားလိုက်မယ်…
ဗျို့…

ပို့လန်းဆိုတာ…
မာယာ အတိ တထောင်နဲ့… မြို့…
မာယာ မရှိယောင်ဆောင်တဲ့… မြို့…
လဘာဂျာ ငတိတကောင်ရဲ့… မြို့…။