>
ဒီလိုရှိတယ် ဒေါက်တာလွဏ်း
သစ်ကောင်းအိမ်
ဇန်န၀ါရီ ၇၊ ၂၀၁၁
သတင်း ကျွတ်ခဲ့ပြီ
တန်ဆောင် တိုင်ခဲ့ပြီ
နယူးလည်း ယားခဲ့ပြီ
ကျွတ်ပေါ့
သတင်းကျွတ်တော့ မီးပုံပျံ လွှတ်ကြပေါ့
တန်ဆောင်တိုင်တော့ နှစ်ဆောင် ပြိုင်ကြပေါ့
နယူးယားတော့ ဝူးဝူးဝါးဝါး ထအော်ပေါ့
ဘာဆန်းလဲ
ဘုရားသခင် သေပြီ
ကဗျာ သေပြီ
ဂန္ဒီကြီးလည်း သေပြီ
သေပေါ့
ဘုရားသခင်သေတော့
ဘာသာရေးသမားတွေ စစ်ထဲလိုက်ကြပေါ့
ကဗျာသေတော့
ကဗျာဆရာတွေ ဇာတ်ထဲလိုက်ကြပေါ့
ဂန္ဒီကြီးသေတော့ ငြိမ်းချမ်းေ၇းသမားတွေ
သားသတ်ရုံမှာ အလုပ်ဝင်ကြပေါ့
ဘာဆန်းလဲ
ဘာဆန်းလဲ
လူ့အခွင့်အရေးဆုတွေ ရပြီး
လူ့အခွင့်အရေး မရရှာသူ
ကမ္ဘာကြီး
ဘာဆန်းလဲ
လူက လူကို မွေးပြီး
လူက လူကို သတ်ဖြတ်လျက်ရှိသော
ကမ္ဘာကြီး
ဘာဆန်းလဲ
ငရမန် လက်ထဲ
ခွေးသေ ဝက်သေ သေရစ်ခဲ့ပါလေ
ကမ္ဘာကြီး။ ။
(၆၇က်.ဇန်နဝါရီ.၂၀၁၁)
