>
ဦးလွန်းကြွယ်နှင့် မိသားစု၏ လက်ရာများ တတိယအကြိမ် ပြမည်
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၃၊ ၂၀၁၀
ဂရင်းမီးရထားဟိုတယ်တွင် မကြာမီ ပြုလုပ်မည့် ဆရာကြီး ဦးလွန်းကြွယ်၏ ပန်းချီပြပွဲ ကြော်ငြာ။ ပြပွဲတွင်ဇနီး လွန်းမြမြ၊ သား လွန်းသစ်၊ သမီးချွေးမ လွန်းကျော်ရီ၊ မြေး လွန်းပန်းချီ နှင့် လွန်းမိုးယံ တို့၏ လက်ရာများလည်း ပါဝင်မည်ဖြစ်သည်။
မိသားစု ပန်းချီပြပွဲကို၂၀၀၇၊ ၂၀၀၉ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။ ယခုပွဲမှာ တတိယမြောက် ဖြစ်သည်။
ပြပွဲ နောက်ဆုံးရက်၊ နေ့လယ် ၂ နာရီတွင် ဆရာကြီး ဦးလွန်းကြွယ်က ကိုယ်တိုင် သရုပ်ပြ ရေးဆွဲမည် ဟု အလင်းတန်းဂျာနယ်တွင် ရေးထားသည်။