>Burmese in Singapore gather together to pay respect U Tin Oo

>

မြန်မာအတိုက်အခံခေါင်းဆောင် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ လှိုက်လှဲစွာ ဂါရ၀ပြူကြ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၁၀၊ ၂၀၁၀
(၁၀၊ ၁၀၊ ၁၀)
၂၁ ရာစု၏ ထူးခြားသော နေ့စွဲ ၁၀ သုံးလုံး – ၁၀ ရက်၊ ၁၀လ၊ ၁၀ ခုနှစ်နေ့၊ စင်္ကာပူနိုင်ငံ၊ တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီက စင်္ကာပူမြန်မာများ စုဝေးကြပြီး မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် သူရဦးတင်ဦး ဆေးကုသရန် အလည်ရောက်နေစဉ် တွေ့ဆုံ နှုတ်ဆက် ဂါရ၀ပြု ကြသည်။
 
မြန်မာပြည်သား လူကြီး၊ လုူငယ်များ၊ ကျောင်းသားများ မြောက်များစွာတို့ မိမိတို့ အစီအစဉ်ဖြင့် လာရောက်ကြပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကောင်းမှုကုသိုလ်လာပြုသော ဦးတင်ဦးကို တွေ့ဆုံကြသည်မှာ အလွန်ကြည်နူးဖွယ် မြင်ကွင်းဖြစ်သည်ဟု မျက်မြင်တဦးက ပြောသည်။
 
မြန်မာပြည်၏ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီ၏ ခေါင်းဆောင်တဦး ဖြစ်ရုံသာမက တပ်မတော်ခေါင်းဆောင်ဟောင်းတဦးလည်း ဖြစ်သော သူရဦးတင်ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မိတ်ဆွေဟောင်းများအားလုံးကို ကောင်းကောင်းကြီး မှတ်မိပြီး မိတ်ဆွေသစ်များကိုလည်း ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်စကားပြောလျက် ရှိသည်ဟု ပြောပြသည်။