>Maung Maung One – Ko Kyaw Thu and his Friends

>

ပြည်သူချစ်သော အနုပညာရှင်
မောင်မောင်ဝမ်း
စက်တင်ဘာ ၆၊ ၂၀၁၀

ဟိုတလောက အာရ်အက်ဖ်အေ သတင်းထဲမှာ အနုပညာရှင် ၄ ဦးကို အနုပညာလုပ်ဆောင်ခွင့်တွေ ပိတ်လိုက်တယ်လို့ သတင်းကြားလိုက်ရတယ်။

http://www.rfa.org/burmese/news/performers_banned_from_doing_business-09022010154636.html

နောက်ပိုင်းမှာ ကိုကျော်သူ ပြန်ဖြေရှင်းပြတဲ့ သတင်းအမှန်က ကိုညီဂျော်၊ မသန်းသန်းစိုး၊ ဂွမ်းပုံကြီး၊ ဆုရွှန်းလဲ့ တို့ အနုပညာရှင် ၄ ဦးကို နာရေးကူညီမှုအသင်း (ရန်ကုန်) အား သွားရောက် လုပ်အားပေးခြင်း၊ အနုပညာ သရုပ်ဆောင် သင်တန်းပေးခြင်း အစရှိတဲ့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်တာကိုသာ အာဏာပိုင်တွေက ပိတ်ပင်ခြင်းဖြစ်ကြောင်း ကြားသိရတယ်။

http://www.demowaiyan.co.cc/2010/03/blog-post_17.html

ကိုကျော်သူပြောပုံအရ ရုပ်ရှင်သရုပ်ဆောင်များ လူမှုရေးလုပ်လိုပါက ရုပ်ရှင်အစည်းအရုံးမှ သဘောတူ ထောက်ခံချက် ရပါမှ လုပ်ရမည့်သဘောပင်။ (ရုပ်ရှင်သည် ပြည်သူ့အတွက် … ပါတဲ့ဗျာ)