>FFSS (Yangon) Charity & Volunteer Works Updates

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မေလ ပဉ္စမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
“အများအတွက် အများကောင်းမှု” – နာရေးကူညီမှုအသင်း (ရန်ကုန်)
 (ကို) ကျော်သူ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်
မေ ၂၅၊ ၂၀၁၀

 ရေတို ၊ ရေရှည် ရေ အလှူ

      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အရေးပေါ်လိုအပ်နေသော သောက်ရေ/သုံးရေ ရေဘေး ဒုက္ခသည်များ၊ ရေဘေးဒုက္ခ အရပ်ဒေသများသို့  မိမိတို့ တတ်စွမ်းသလောက် အသင်းသူ အသင်းသားများ လူမှုရေးသမားများ ဒေသခံများနှင့် ပူးပေါင်းကာ ရေတို လုပ်ငန်းဖြစ်သော အရေးပေါ် သောက်ရေ/သုံးရေတို့ကို လှူဒါန်းခဲ့ကြသလို ရေရှည် လုပ်ငန်းဖြစ်သော အ၀ီစိတွင်း သောက်ရေ/ သုံးရေ အုတ်ကန်များ တူးဖော်ဆောက်လုပ်ခြင်းများကို စတင် အကောင်အထည်ဖော် လုပ်ဆောင် နေပြီ ဖြစ်ပါသည်။
      ပထမဦးစွာ ပဲခူးတိုင်း၊ က၀မြို့နယ်မှ ၁၀ မိုင်/ ၁၅ မိုင်ခန့် အကွာရှိ ခနာကျေးရွာ (ခနာအနောက်ကျောင်းတိုက်)၊ လက်ပံကုန်းကျေးရွာ (ရှမ်းကန်ကျေးရွာအုပ်စု)၊ စက်ကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ကန်းကုန်းကျေးရွာ၊ ခနီးကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ပြည်တော်သာ ကျေးရွာ တို့အပြင် ပြည်မြို့ ပေါက်ခေါင်းမြို့နယ်ဘက်ရှိ သီးကုန်းရွာ၊ သပြေတုံးရွာ၊ ထူးပေါက်ရွာ၊ ကျောက်ပြင်သာရွာတို့တွင်လည်း အ၀ီစိတွင်းများ အုတ်ကန်/ရေကန်များကို “အများအတွက် အများကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟု ကဗျည်းရေးထိုးပြီး စတင် လှူဒါန်းနေပါကြောင်း …

မေလ ၂၃၊ ၂၀၁၀ ရေအလှူ

၂၃.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဘက်ရှိ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ တခွတ်ကျေးရွာ၊ စက်ဆိပ်ကျေးရွာတို့ရှိ ရေဒုက္ခသည် များအား မော်တော်ယာဉ် (၂) စီးဖြင့် ရေဂါလံ (၅၀၀၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးတွင် ရေများ  ဖြည့်ဆည်းပြီး သွားရောက် လှူဒါန်းခဲ့ပါသည်။

မေလ ၂၂၊ ၂၀၁၀ ရေအလှူ

၂၂.၅.၂၀၁၀ (စနေ)နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ခရမ်း သုံးခွမြို့၊ ရွှေဘိုစုကျေးရွာသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး လူငယ်များနှင့် ကိုလူချောအဖွဲ့ (ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသား) ပူးပေါင်းပြီး ကုသိုလ်ဖြစ် လှူဒါန်းခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts