>Burmese in Colorado to celebrate Burmese New Year Water Festival

>

ကော်လိုရာဒို၊ ဒင်းဗားက မြန်မာတို့ သင်္ကြန်ပွဲ အစဉ်အလာမပျက် ဆင်နွှဲကြလိမ့်ဦးမည်

ကိုဦး

ဧပြီ ၁၁၊ ၂၀၀၉

ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာပြည်သားများ စုပေါင်းပြီး နှစ်စဉ် နှစ်တိုင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် (၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်းပဲ ကော်လိုရာဒို ပြည်နယ်မှာ ရှိတဲ့ မြန်မာပြည်သားများ အားလုံး ပါဝင် ဆင်နွှဲနိုင်ဖို့ ထူးထူး ခြားခြား စီစဉ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အတာရေ ပက်ကစားကြတဲ့ အစီအစဉ်တွေ အပြင် တီးဝိုင်းနဲ့ သီချင်းတွေ သီဆိုတာ၊ တိုင်းရင်းသား ရိုးရာ အကတွေနဲ့ ဖျော်ဖြေတာ၊ ကာရီအိုကေ စက်တွေနဲ့ မြန်မာတေးသီချင်း ဆိုကြ၊ ပျော်ကြဖို့ အတွက်ပါ အထူး အားထုတ်နေကြတယ် လို့ ဆိုပါတယ်။ ရိုးရာ အစားအသောက်တွေလည်း စီစဉ်နေတယ် လို့လည်း ပြောပါတယ်။

(ကလေးငယ်များ အကတိုက် ပြင်ဆင်နေကြစဉ်၊ ဓာတ်ပုံ – http://burmesecommunityofcolorado.blogspot.com )

မိတ်ဆွေများ၊ မြန်မာမိသားစု များကို လက်ဆင့်ကမ်း ဖိတ်ကြားဖို့ တိုက်တွန်း နှိုးဆော်ထားကြပြီး နှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် အစီအစဉ်ကို ဧပြီလ ၁၉ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ကနေ ညနေ ၃း၀၀ အထိ လော်ရီကွန်မြူနတီ ပန်းခြံထဲမှာ (Lowry Community Park, 1000 Dayton St. Aurora, 80010) ကျင်းပမယ်လို့ ပွဲ စီစဉ်သူတွေက အကြောင်းကြားထားပါတယ်။

ဆက်သွယ်နိုင်တဲ့ စီစဉ်သူတွေကတော့ ကိုသန်းလွင် (၇၂၀-၃၄၃-၀၁၃၆)၊ ကိုစိုးနိုင် (၇၂၀-၃၂၄-၀၃၅၂)နဲ့ ကိုဝင်းနိုင် (၇၂၀-၉၃၉-၅၆၉၁) တို့ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts