>food crisis in Chin state

>

ချင်းပြည်နယ်တွင် အငတ်ဘေးဆိုက်
ကလေး ၃၁ဦး သေဆုံး

ဘီဘီစီ (မြန်မာဌာန)

သြဂုတ် ၂၁၊ ၂၀၀၈

အိန္ဒိယမြန်မာနယ်စပ်တလျှောက် ချင်းပြည်နယ်က ဒေသတော်တော်များများမှာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် ကြုံတွေ့နေရာက အစာအဟာရ ချို့တဲ့ပြီးတော့ ၀မ်းရောဂါလည်း ဖြစ်ပွားလာတဲ့အတွက် ၃ ပတ်အတွင်းမှာ ကလေးငယ် ၃၁ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ငါးဆယ်အတွင်း ၁ ကြိမ်ဖြစ်ပွားလေ့ရှိတဲ့ ၀ါး သုဉ်းမှုတွေ ဖြစ်ပြီးတော့၊ ၀ါးပွင့်တွေ ကြွေ၊ ကြွက်တွေ ပွားများပြီးတော့ အစားအစာ စားသုံး ဖျက်ဆီးခဲ့တဲ့အတွက် အစားအစာ ရှားပါးခဲ့ရ ဖြစ်ပါတယ်။

အခုဆိုရင် မရာ ဒေသနဲ့ ဇိုခေးဒေသ ရွာတော်တော်များများမှာ အစားအစာ ရှားပါးမှု ဖြစ်နေသလို ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဒီဒေသမှာ အခြေအနေ ပိုဆိုးနိုင်တယ် ဆိုပြီးတော့ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ ချင်း လူသားချင်း စာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆခုန်းက ပြောသွားပါတယ်။

ကြွက်ကြိုက်သည့် ၀ါးသီးများ (ဓာတ်ပုံ – ဒီရေ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts