>Images in Rangoon Division 2

>

ရန်ကုန်တိုင်း – မုန်တိုင်းအလွန် – ၂
ဓာတ်ပုံသတင်း
မေ ၉၊ ၂၀၀၈

t
ယမန်နေ့က ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံ၊ လှူဒါန်းပြီး လိုအပ်သည်များကို လမ်းညွှန်နေကြသော နိုင်ငံတော်အကြီးအကဲများ။ ရန်ကုန်ဒေသခံတစ်ဦးက “အစိုးရအာဏာပိုင်များက အကူအညီပေးခဲ့ကြောင်း၊ သို့သော်လည်း ရုပ်မြင်သံကြားသတင်းတွင်ပါဝင်ရေးကို ပိုမိုအလေးပေးနေကြောင်း၊ တပိုင်တနိုင် ကူညီနေသူအလှူရှင်များကို ဒေသခံအာဏာပိုင်များက မေးမြန်း၊ နှောင့်ယှက်ကြကြောင်း” ဗွီအိုအေ အသံလွှင့်ဌာနသို့ ပြောပြခဲ့သည်။ (ဓာတ်ပုံ-AFP)

ကော့မှူးမြို့နယ် မိဘမဲ့ဂေဟာမှ လူငယ်များက မုန်တိုင်းကြောင့်သေဆုံးခဲ့သည့် သူငယ်ချင်း၃ဦး၏ နောက်ဆုံးခရီးစဉ်ကို ပို့ဆောင်ခဲ့ကြသည်။ (ဓာတ်ပုံ- Reuters မေလ ၇ ရက်)

ရန်ကုန်မြို့လယ် (ဓာတ်ပုံ-Reuters)
ကျောက်တန်းမြို့နယ် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများမှာ ဒုက္ခသည်စခန်းများဖြစ်သွားသည်။(ဓာတ်ပုံ-AP)
ကော့မှူးမြို့နယ်မှ အိုးအိမ်မဲ့သွားသူအချို့ (ဓာတ်ပုံ-AP)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts