ကျော်ဟုန်း

Kyaw Home – Poem

လွမ်းလောက်လွန်းလို့ လွမ်းမပြေနိုင်တာပါ ဆရာမောင်ဝံသ
ကျော်ဟုန်း
သြဂုတ် ၁၁၊ ၂၀၁၃


ဆရာမောင်ဝံသ …
သတင်းစာဆရာ
မဂ္ဂဇင်းအယ်ဒီတာ
ဂျာနယ်စာတည်း
ဘာသာပြန် စာရေးဆရာ
သူ့ ခေတ်သူ တာဝန်ကြေ
သူ့ သမိုင်းသူ တာဝန်မပျက်
အဖက်ဖက်က မပျက်ယွင်းတဲ့ ဆရာတပါး
(သြဂုတ် ၁၁၊ ၂၀၁၃) ဘဝဓမ္မတာအတိုင်းယွင်းရှာပြီ။
စာပေနဲ့ စာဖတ်သူကြား
သံယောဇဉ်ကြီးပုံများ အောချလောက်ရဲ့
အတွေးအမြင် သူ့ မဂ္ဂဇင်း
အတွေးအမြင်တွေ ဖတ်သူရဲ့အသိကို ထွင်းစေခဲ့။
ပြည်သူ့ ခေတ်ဂျာနယ်
ပြည်သူ့ ခေတ်ကိုရောက်ဖို့  ညွှန်းစေရဲ့။
သမိုင်းကပေးတဲ့ တာဝန်လဲထမ်းဆောင်
အာဏာရှင်ရဲ့ နရသိန်ထဲ
ပန်းမွေ့ ရာပမာ အကြိမ်ကြိမ် အိပ်ခဲ့။
တော်လှန်ရေးအတွက် လိုတယ်ဆိုရင်
လက်တို့ စရာ၊ မေးငေါ့ခေါ်စရာကို မလိုတဲ့ဆရာ
ဆဲဗင်းဂျူလိုင်ဒေါင်းကြီး
နီရဲတဲ့သွေး ပြည်သူ့ ဘက်မှာ
ဒီမိုကရေစီဒေါင်းကြီး
ခိုင်မာတဲ့သံမဏိစိတ် ပြည်သူ့ ဘက်မှာ။
ကွယ်လွန်သည့်တိုင် …
တိုင်းပြည်ဘက်မှာ အမြဲရပ်
ပြည်သူ့ ရှေ့ မှာ မားမတ်မတ်
ဒီလိုဆရာမျိုးကိုမှ
နှမြောတသ မလွမ်းရရင်
ဆရာဦးစိုးသိမ်းရေ…
ဆရာမောင်ဝံသရေ…
ဆရာ့ကို လွမ်းလောက်လွန်းလို့ လွမ်းပါရစေ

မမေ့နိုင် ကမ္ဘာတည်သရွေ့ အမျှပါဆရာ။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts