ကဗျာ ရသဆောင်းပါးစုံ မြန်မာပြည်တွင်း

စိုးခိုင်ညိန်း – ကြာကြာတင်းတင်း ဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာကြေမွပြီးသေသွားတယ်

ကြာကြာတင်းတင်း ဆုပ်ခြေလိုက်တော့ လက်ထဲကမီးခဲဟာကြေမွပြီးသေသွားတယ်
စိုးခိုင်ညိန်း
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈

ဒေါင်းအလံကို လွှင့်တင်လိုက်တာနဲ့
လမ်းတွေက သွေးသံရဲရဲနဲ့ ကုန်းထလာတယ်၊၊

လေထဲက ဝိညာဉ်တွေကို ရိုက်နှိုးဖို့
သေနပ်ပစ်ဖောက်စရာမလိုဘူး၊၊

ဖေါက်ထွင်းသွားတဲ့
ကျည်ဆံပေါက်တွေကနေကြည့်လိုက်တော့
ငရဲပျက်ဖွယ်အော်သံတွေ
အပိုင်းပိုင်းအပြတ်ပြတ် အတုံးအရုန်းတွေ
မီးတောက်မီးလျှံတွေဟာ
လမ်းမတွေဆီ စီးဝင်လို့
ခြေပြတ်လက်ပြတ်တွေနဲ့ မြို့တွေဟာ
သွေးငေါက်တောက် ပန်းထွက်လို့၊၊

ဘယ်တော့မှမမေ့ဘူး
စဉ်းစားလိုက်တိုင်းဘယ်နေရာကြည့်ကြည့်
ဒီမြင်ကွင်းပဲ
ခင်ဗျားတို့မှားတာတခုက
လူအားလုံး သတ်မပစ်နိုင်ခဲ့တာပဲ
မသေတဲ့ကျုပ်တို့က
အမာရွတ်ကိုယ်စီနဲ့ ကျန်ခဲ့တော့
သတိရတိုင်း ဒါကို မီးထွက်အောင်ပွတ်နေမိတယ်
အဲဒီမီးနဲ့ ခင်ဗျားတို့ တနေ့လောင်ကြဦးမှာပါ
ကျုပ်တို့ထဲကစီးနေတဲ့သွေးတွေဟာ
လောင်အားကောင်းတဲ့လောင်စာပဲ၊၊ ၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts