ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဘောလုံး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 ငြိမ်းချမ်းအေး – ဘောလုံး
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

ဘဝအမောတွေကို မျိုးချစ်စိတ်နဲ့ ရောကျို မျိုချရတယ်၊
ခါးသီးမှုတွေကို ဇာတိပုညဂုဏ်မာနနဲ့အတူ ဖွင့်အန်ရတယ်၊
ဖိနှိပ်မှုတွေကို ‘ဂိုး..’ ဆိုပြီး ဟစ်ထုတ်ရတယ်၊
မတရားမှုတွေကို ဘောလုံးနဲ့အတူ ကျုံးကန်လိုက်တယ်၊
အလံတွေ၊ ခေါင်းစီးတွေ၊ နိုင်ငံတော်သီချင်းတွေနဲ့
တည်ဆောက်ထားတဲ့ ဂုဏ်ယူဝံ့ကြွားမှုတဖက်၊
ပွင့်အန်မှု တဝက်..။

အပျော်တွေ..၊ အပျော်တွေ..၊ အပျော်တွေ..
အပြုံးတွေ..၊ အပြုံးတွေ..၊ အပြုံးတွေ..
အရယ်တွေ..၊ အရယ်တွေ.. အရယ်တွေ..
အရယ်တွေနောက်က အမောတွေကို မေ့ထားကြမယ်..။

ဘောလုံးကွင်း ဘောလုံးမကန်ရ၊
ပန်းခြံမှာ ကလေးတွေ မကစားရ၊
လယ်သမားတွေ လယ်မစိုက်ရ၊
တပ်ပိုင်မြေ မထိရ၊
ဦးပိုင်မြေ မကျူးကျော်ရ၊
ဦးရာလူ မဟုတ်တော့
ဦးပိုင်လူများ ကြီးစိုးတဲ့ ခေတ်က
ငတေတွေချည်း ‘မာ’ ခွင့်ပေးနေတယ်။

ခရိုနီ၊ ခရိုဝါ၊ ခရိုပြာ၊ ခရိုစိမ်းတွေ
ဆွေတော်မျိုးတော် မြေးတော်တွေ
ငွေထုပ်ခင်း ပဏာယူခွင့်ရနေတယ်။
ပဒေသရာဇ် စစ်ဘုရင်ဝတ်စုံဝတ်
ဂုဏ်ယူဝံ့ကြား လုပ်ဝံ့လောက်အောက်
စိတ်ဓာတ်ဖျက်ဆီးခံထားရသူတွေရဲ့
လက်ခုပ်သံတွေ ညံနေလေရဲ့..။

‘ယူ’ အသင်းတွေမှာ ရွှေတွေ၊ ငွေတွေ ယူနိုင်ပြီး
‘မယူ’ ရင်တော့ ထူးမခြားနားဇာတ်ခင်းနေတဲ့
နောက်ခံစနစ်ကို မတို့မထိ ပါရစေနဲ့။

ရွှေရည်စိမ် ဒီမိုကရေစီခေတ်မှာ
ဘောလုံးမှ မပျော် မမျှော်ရရင်
ကိုယ့်ဘာသာ သတ်သေရုံ ရှိတာပ၊
တဒင်္ဂ အပျော်လေးတွေနဲ့ပဲ
ကျေနပ်ပါရစေ..။

ငြိမ်းချမ်းအေး
ဇွန် ၁၄၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts