ချမ်းမြ (မိုးမခအထောက်တော်)

Chan Mya (MMK reporter) – News


ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း မြန်မာစာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုနွေရာသီသင်တန်းပိတ်ပွဲ
ချမ်းမြ (မိုးမခအထောက်တော်)
စက်တင်ဘာ ၁၊၂၀၁၃


နယူးယောက်ပြည်နယ် Albanyနှင့် Rensselaer မြို့ရှိ ဗုဒ္ဓဘာသာမြန်မာခလေးငယ်များနွေရာသီ မြန်မာစာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းပိတ်ပွဲကို ၃၁-၈- ၂၀၁၃ရက်နေ့က ဓမ္မဝါဒီအောင်မြေ မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ ပိတ်ပွဲသို့ကြွရောက်လာသော ဧည့်ပရိသတ်များကို  အာဟာရမျိုးစုံတို့က်ို စုပေါင်းလှူဒါန်းကြသည်။

ထိုအခမ်းနားတွင်နမောတဿကို အားလုံး ညီညာစွာရွတ်ဆို အခမ်းနားဖွင့်ပြီး ကျောင်းထိုင်ဆရာတော် ဦးဣဿရိယ မှ သြဝါဒ စကားမိန့်ကြားတော်မူသည်။ ထိုနောက် သင်တန်းသား ခလေးငယ်များမှ အနန္တောအနန္တ ငါးပါးရှိခိုးကိုရွတ်ဆို ကန်တော့ကြသည်။ ဆုများကို-မနု -မသီတာ-မဝါဝါခိုင်-ဆရာကြီး ဒေါ်စန္ဒာသီရိတို့မှ ခလေးတဦးချင်းစီအား ဆုများချီးမြှင့်ကြသည်။
ပြီးနောက် ခလေးမိဘများဖြစ်ကြသော ဦးညွန့်ဝင်းမှ၎င်း နောက်မိဘတဦးဖြစ်သော ဒေါ်သီတာမှ၎င်း ကျေးဇူးတင်စကား အသီးသီး ပြော ကြားကြသည်။
ခလေးငယ်များကို ဇူလိုင်လ ၅ရက်နေ့မှစတင်ကာ တပါတ် ၅ရက် မြန်မာစာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ကို ဆရာတော် ဦးဣဿရိယ ၏ လမ်းညွှန် သြဝါဒကိုခံယူပြီး သီလရှင်ဆရာကြီးဒေါ်စန္ဒာသီရိ-ဆရာမဒေါ်ဝါဝါခိုင်တို့မှ သင်ကြားပြသပေးခဲ့သည်။ သင်တန်း ရက်များအတွင်း သင်တန်းသူ သင်တန်းသားတို့အတွက် အာဟာရဒါနကို အလှူရှင်များမှနေ့စဉ်လှူဒါန်းကြသည်။    သင်ကြားပြသပေးမှုကြောင့် တရားစာများ နှင့် မြန်မာစာ အရေးအဖတ်တို့ တိုးတက် လာသည်ကိုတွေ့ရှိရသည်။

  



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts