Uncategorized

နိုင်ဦးညို (ဖိုးဇီးရိုး) – သက်သေ

သက်သေ
နိုင်ဦးညို (ဖိုးဇီးရိုး)
ဒီဇင်ဘာ ၁၃၊ ၂၀၁၃


ဒို့အရေး ဒို့အရေး
မကြားရတာ အတော်တောင်ကြာပြီ၊
ဒီအခွေ မေ့ထားတဲ့သူတွေရှိတယ်
ဒီအခွေ ရောင်းစားခဲ့သူတွေရှိတယ်
ဒီအခွေ တို့အတွက်အသုံးမဝင်တော့ဘူးဆိုသူတွေရှိတယ်၊
ဒါပေမဲ့ ဒီအခွေဟာ 
သုံးကားပေါင်း မိုးအလင်းနဲ့ ရောမသွားဖူး
ပျံတော်မူ ဇာတ်လမ်းနဲ့ ပျက်မသွားဖူး
ဒီအခွေကို အမှန်တကယ် 
ရင်ခုန်ခဲ့သူတွေ ရှိနေသေးတယ်၊
ဒီအခွေသံ ပျောက်ချင်းမလှ
ပျောက်ချိန်မတန် ပျောက်ပြယ်ခဲ့လို့ 
ဒါပေမဲ့ ဒါကို ဒို့တတွေရဲ့
ပြည်တွင်းကဆရာတွေလည်း မပြောရဲဖူး
ပြည်ပကဆရာတွေလည်း မပြောဝံ့ဖူး
အဲဒီလောက်တောင်မှ
၂၀၀၈ ၂၀၁၀ မှာ ဒီကောင်တွေ
ယတြာအချေကောင်းခဲ့တာ၊
ဒီကနေ့မှ ဘွားဘွားကြီးပေါ်
နော်ဝေးကဆရာများကောင်းမှု၊
ပြည်တွင်းရောက်ဆရာကြီးများ
ပြည်တွင်းကဆရာကြီးများ
ပြည်ပနေဝေဝေဝါးဝါးများ၊
အားလုံးကြားကြသမျှ
သာဓုခေါ်နိုင်ကြပါစေဗျား ။ ။။။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts