ကဗ်ာ

ကမ်လူဝေး ● ဒီမိုကရေစီ

ကမ်လူဝေး ● ဒီမိုကရေစီ
(Langston Hughes ရဲ့ Democracy ကိုဘာသာပြန်သည်။)
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉

အလျော့ပေးညှိနှိုင်းမှုနဲ့
အကြောက်တရားတွေကို ဖြတ်လို့
ဒီမိုကရေစီဟာ ရောက်မလာဘူး
ဒီကနေ့ ဒီနှစ်
ဘယ်တော့မှ ရောက်မလာဘူး။

တခြားရဲဘော်တွေ လိုပါပဲ
ငါ့မှာ အမှန်တရားတွေ အများကြီးရှိရဲ့
ငါ့ ခြေနှစ်ချောင်းပေါ် မြဲမြဲရပ်ဖို့နဲ့
ငါ့မြေကို ငါပိုင်ဖို့။

အများသူငါ  ပြောစကားတွေကို
နားထောင်ရတာ ငါ့မှာပင်ပမ်းလှ
အရာရာကို သူ့သဘောနဲ့သူ ဖြစ်ခွင့်ပြုလိုက်တော့။

မနက်ဖြန်ဆိုတာ
နောက်ထပ်နေ့တနေ့ပါပဲ။

ငါသေမှတော့ လွတ်လပ်ခြင်းကို
ငါမလိုတော့။

မနက်ဖြန်ရဲ့ အာဟာရအတွက်
ငါအသက်မရှင်နိုင်တော့။

လွတ်လပ်ခြင်းဟာ
ကြီးမားတဲ့ လိုအပ်ချက်အတွက်
စိုက်ပျိုးတဲ့
သန်မာတဲ့မျိုးစေ့ ဖြစ်ရဲ့။

ငါ ဒီမှာ အသက်ရှင်တယ်။

ငါ လွတ်လပ်ခြင်းကို လိုချင်တယ်
မင်းလိုပါပဲ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts