ပန္းခ်ီစိုးႏိုင္ႏွင့္ ဝ ထ က လ သ
သူရထိုက္
(မိုးမခ) ဧၿပီ ၉၊၂၀၁၉
ပန္းခ်ီစိုးႏိုင္ ၏ တကိုယ္ေတာ္ ပန္းခ်ီျပပြဲဖိတ္စာ |
ကြၽန္ေတာ္က ဘာေကာင္မွမဟုတ္ေပမယ့္ အလုပ္မ်ားတဲ့သူတစ္ေယာက္ပါ၊ ပုဂၢလိက စက္ရံုငယ္ေလးတရံု မွာ မန္ေနဂ်ာတာဝန္ကို ထမ္းေဆာင္တယ္။ ဝန္ထမ္းေရးရာကိစၥ၊ စီမံေရးရာကိစၥaတြနဲ႔အလုပ္မ်ား
မျဖစ္ညစ္က်ယ္ စာတိုေပစ ေရးသူဆိုေတာ့ စာေရး စာဖတ္ကိစၥေတြနဲ႔ အလုပ္မ်ားတယ္။ ဒီ့အျပင္ မိန္းမ ခိုင္းတဲ့ကိစၥေတြလည္း လုပ္ရေသးရဲ႕။ အဲဒီလိုအလုပ္ေတြ ရႈပ္ေန မ်ားေနတဲ့ၾကားက ရန္ကုန္ၿမိဳ႕ ေယာမင္း ႀကီးလမ္း၊ အမွတ္ ၆၅ Gallery 65 မွာျပဳလုပ္ခဲ့တဲ့ ပန္းခ်ီ စိုးနိုင္ရဲ႕ပန္းခ်ီျပပြဲကို ၂၆.၁.၂၀၁၉ ေန႔က ေရာက္ သြားခဲ့တယ္။
စိုးနိုင္ဟာ ကြၽန္ေတာ့္ရဲ႕အရင္းနွီးဆံုး အခင္မင္ဆံုးငယ္သူငယ္ခ်င္းပါ။ သူ မူလတန္းေက်ာင္းသားဘဝ၊ ကြၽန္ ေတာ္ မူလတန္းေက်ာင္းသားဘဝကေန တကၠသိုလ္ကေနဘြဲ႔ရၿပီး အလုပ္အကိုင္ကိုယ္စီနဲ႔ျဖစ္တဲ့
ပန္းခ်ီစိုးနိုင္က သူ႔ရဲ႕ပန္းခ်ီျပပြဲကို မေရာက္ေရာက္ေအာင္လာဖို႔ ကြၽန္ေတာ့္ကိုေျပာတယ္။
သူ႔ရဲ႕ပန္းခ်ီျပပြဲအမည္ကလည္း အဆန္းသား ၊ ” ဝ ထ က လ သ”.. တဲ့ ၊ သူက အခုလိုဆိုပါတယ္။
” ျပပြဲအမည္ကို အသက္ႀကီးမွ စာစ သင္ရတဲ့ အ,သံုးလံုးသင္တန္းေတြကို သတိရလို႔ ဝထကလသ လို႔ အမည္ေပးမယ္” တဲ့။ ေရးဟန္ေတြကေတာ့ စိုးနိုင္ ေရးေနၾကေရးဟန္ေတြပါပဲ၊ ပန္းခ်ီေဝဖန္ေရးဆရာ ေအာင္မင္းကေတာ့ ဒီကူးနင္း(Willem de Kooning) ရဲ႕စုတ္ခ်က္ေတြ ဆန္ပါတယ္တဲ့။
ကြၽန္ေတာ္က ‘ကိုစိုး’ လို႔ေခၚေလ့ရွိသူစိုးနိုင္ဟာ ဟိုးငယ္ငယ္မူလတန္းေက်ာင္းသားဘဝကတည္းက က်န္း မာေရး ခ်ဴခ်ာသူ ျဖစ္တယ္။ မၾကာခဏ ဖ်ားတတ္တယ္။ ေသြးျဖဴဥမ်ားၿပီး အားနည္းတဲ့ ေရာဂါတမ်ဳိးရွိသူ လို႔သိရတယ္။ ပန္းခ်ီဆရာျဖစ္လာမယ့္စိုးနိုင္
ရွစ္တန္းနွစ္ေလာက္မွာ ပန္းခ်ီကိုေတာ္ေတာ္မ်ားမ်ားဆြဲ
ရန္ကုန္တကၠသိုလ္မွာ ပညာသင္ယူေနတဲ့အခ်ိန္ ၁၉၈၁၊ ၁၉၈၂ မွာေတာ့ ရန္ကုန္တကၠသိုလ္ အႏုပညာ အသင္းက ဖြင့္လွစ္တဲ့ပန္းခ်ီ
ကဗ်ာဆရာ ဘာသာျပန္ဆရာ ေစတႏွင့္ ပန္းခ်ီစိုးႏိုင္ |
ရန္ကုန္တကၠသိုလ္ကေနဘြဲ႔ရၿပီးတဲ့အခါမွာေတာ့ စိုးနိုင္ဟာ မဂၢဇင္းေတြမွာ သရုပ္ေဖာ္ပံုေတြေရးဆြဲခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ေမာ္ဒန္ပန္းခ်ီလို႔ လူေတြ ေခၚဆိုတဲ့ ပန္းခ်ီကားေတြကို ေရးဆြဲလာခဲ့တာ ဒီေန႔ဒီအခ်ိန္တိုင္ေအာင္ ပါပဲ။ အခုေတာ့ သူ႔ရဲ႕လက္ရာပန္းခ်ီကားေတြဟာ ျပည္တြင္းမွာ သာမက ျပည္ပက နိုင္ငံ တကာျပပြဲေတြမွာပါ ခင္းက်င္းျပသ ျခင္း ခံေနရပါၿပီ။
ငယ္စဥ္ကေလးဘဝက စကၠဴေလးေတြကို ကပ္ေၾကးနဲ႔ ကိုက္ညႇပ္ ၿပီး ကစားတတ္သူ၊ ရႊံ႕ေတြနဲ႔ ရုပ္လုပ္ၿပီးကစားတတ္သူ စိုးနိုင္က အခုလိုဆိုပါတယ္။
” ကင္းဗတ္ေတြ ေဆးေတြနဲ႔ေရးေနလို႔သာ ကြၽန္ေတာ္ပန္းခ်ီ ဆရာရယ္လို႔ ျဖစ္လာတာ၊ ရႊံ႕ရုပ္ကေလးေတြ သာ တြင္က်ယ္မယ္ဆိုရင္ အဲဒီမီဒီယာနဲ႔ လုပ္မိမွာပါပဲ၊ စာေရးဆရာျဖစ္မလာခဲ့ေပမယ့္ သီကံုးပန္းသြင္ ေရး ဖြဲ႔ခ်င္ေသာ္ တို႔၊ ရသစာတမ္းမ်ားတို႔ အဲဒါေတြကို ေတာ္ ေတာ္ေလး ေလ့လာခဲ့ဖူးေသးတယ္။
သိပၸံေမာင္ဝ ေရးတဲ့စာတမ္းမ်ဳိးေတြ ကြၽန္ေတာ္က ေရးခ်င္ခဲ့တာ။ ပန္းခ်ီမွာေတာ့ရွိၿပီးသားသီအို
တခါတေလ ကြၽန္ေတာ့္ဘာသာ ဇေဝဇဝါ ျဖစ္ေနတာက ပန္းခ်ီဆရာလို႔သာ ပန္းခ်ီဆရာ လို႔ေခၚေနရတာ၊ တကယ္က် မီဒီယာ နဲ႔ frame ကို အေသမထားခ်င္ဘူး။ ႀကံဳရာ စကၠဴ၊ ရႊံ႕၊ သေဘၤာေဆးေတြနဲ႔ လြတ္လြတ္ လပ္လပ္ ႀကံဳသလိုပဲေရးလိုက္ခ်င္တာ၊ ပန္းခ်ီကားဆိုတာထက္ sketch ေလးေတြ၊ အတိုအစေလးေတြ ေရးလိုက္ရတာမ်ိဳးကို ပိုၿပီး ကိုယ္လုပ္ခ်င္တဲ့စိတ္ေတြ လႊတ္ခ်လိုက္ရတယ္လို႔ ထင္ပါတယ္။”
စိုးနိုင္ရဲ႕ပန္းခ်ီျပပြဲမွာစာ
ဒီ့အျပင္ စိုးနိုင္က သူ႔ရဲ႕အေတြ႔အႀကံဳေတြကိုေရးဖြဲ
စိုးနိုင္က လူပ်ုိႀကီးပါ၊( ႀကံဳတုန္းေၾကာ္ျငာခမရဘဲနဲ႔ ေၾကာ္ျငာလ္ိုက္တာ ) သူ႔ရဲ႕ ‘ မူးမူး နဲ႔ ေမ့ခဲ့ ‘ ဆိုတဲ့ စာပိုဒ္ထဲမွာ ေအာက္ပါအတိုင္း ေရးထားတာကို ဖတ္လိုက္ရတယ္။
” သီးခ်ိန္တန္သီး၊ ပြင့္ခ်ိန္တန္ပြင့္တဲ့၊ အခ်ိန္တန္ရင္ေတာ့လို႔ ေအာက္ေမ့မိခဲ့တယ္။ ဘယ္ဟုတ္မလဲဗ်ာ။ အားထုတ္မႈေတာ့ပါမွေပါ့ ။”
စိုးနိုင္က က်န္းမာေရးခ်ဴခ်ာသူဆိုေတာ့ သူ႔ရဲ႕ပံုပန္းသဏြာန္က သာမန္လူေတြလို ေတာင့္ေတာင့္တင္းတင္း ပံုသဏြာန္
” အေသာက္ေလွ်ာ့ေလ မ်က္လံုးေတြ ဝါေနတယ္ “…တဲ့။
စိုးနိုင္ကေတာ့ ဘာမွ်မေျဖရွင္းလိုက္ပါဘူး။ အမွန္တကယ္ေတာ့ စိုးနိုင္ဟာ အရက္ေသာက္တတ္သူ မိတ္ေဆြေတြၾကားထဲမွာ အျမည္းလိုက္စားတတ္သူပဲျဖစ္တယ္။
ကြၽန္ေတာ္တို႔ေက်ာင္းသားဘဝ ၁၉၈၀-၈၁ ခုနွစ္ေလာက္ကေပါ့။
စာေရးသူ၊ ပန္းခ်ီဆရာႀကီးေမာင္ဒီႏွင့္ စိုးႏိုင္ |
အဲဒီအခ်ိန္က ကြၽန္ေတာ္တို႔ နွစ္ဦး အမွတ္( ၂ )ေဒသေကာလိပ္၊ ရန္ကုန္မွာ ဒုတိယနွစ္တက္ေနၾကတာပါ။ တခါေတာ့ ေက်ာင္းထဲမွာလုပ္တဲ့ ပန္းခ်ီျပပြဲကို ကြၽန္ေတာ္တို႔ နွစ္ေယာက္သြားၾကည့္ခဲ့ၾကတယ္။ အဲဒီမွာ ဖန္တီးတီထြင္မႈမ်ိဳးစံု
‘ အျပစ္မဲ့နွလံုးသား’ ဆိုတဲ့ပန္းခ်ီကားမွာ မ်ဥ္းက်ားေပၚမွာ ကားတိုက္ခံရတဲ့လူတစ္ေယာက္ပံုကိုေ
‘ အဲဒါ ပန္းခ်ီလားဟင္ ‘ တဲ့။
နွစ္ေတြကုန္လြန္ၾကာျမင့္ခဲ့ၿပီး ဒီေန႔ဒီအခ်ိန္မွာ စိုးနိုင္ရဲ႕ပန္းခ်ီျပပြဲေတြကို ကြၽန္ေတာ္ေရာက္တဲ့အခါ လူနဲ႔ တူေစတဲ့၊ လူလို႔ထင္ ရတဲ့၊ အမွန္တကယ္ေတာ့လည္း လူမဟုတ္တဲ့ တစံုတခုကိုေဖာ္ညႊန္းေနတယ္လို႔ ယူဆရတဲ့ပန္းခ်ီကားေတြကို ကြၽန္ေတာ္ေတြ႔ရျမင္ရပါတယ္။ အဲဒီလိုပန္းခ်ီကားေတြကိုေရးဆြဲေနတဲ့ကြ
” ေက်ာင္းတုန္း က ပန္းခ်ီျပပြဲမွာ ပန္းခ်ီကားေတြၾကည့္ၾကရင္း မင္းကို ငါေျပာခဲ့တာမွတ္မိလား “
ကြၽန္ေတာ္က မွတ္မိတဲ့အေၾကာင္းေျပာတဲ့အခါ သူက ဆက္ၿပီး ေမးျပန္တယ္။
” အခု မင္း ငါ့ကို ဘယ္လိုျမင္သလဲ “
ကြၽန္ေတာ္ျပန္ေျပာလိုက္မိတယ္။
” မင္းကပိုၿပီးျမင့္သြားၿပီေလ”
စိုးႏိုင္၏ပန္းခ်ီကားတခ်ပ္ |
အဲဒီစကားကသူ႔ကိုကြၽန္ေတာ္ ႐ြဲ႕ၿပီးေျပာတဲ့စကားမဟုတ္ ပါဘူး။ အမွန္တကယ္ေျပာတဲ့စကားပါ၊ ဆရာ ေဇာ္ေဇာ္ ေအာင္ ရဲ႕” စိုးနိုင္ နွင့္ သူ၏ပန္းခ်ီကားမ်ား ” ေဆာင္းပါးမွာ ေအာက္ပါအတိုင္းေရးခဲ့သလိုပါပဲ၊
” စိုးနိုင္၏ ပန္းခ်ီကားမ်ားကို ၾကည့္ေနစဥ္အခ်ိန္အေတာ အတြင္း ကြၽန္ေတာ့္စိတ္ထဲသို႔ angst ဟူေသာ စကားလံုး ေရာက္ရွိလာပါတယ္။ angst ဟူေသာ ဂ်ာမန္ဘာသာ စကားလံုးကို အဂၤလိပ္က ဘာသာမျပန္ ဘဲယူသံုးခဲ့ ၾကတယ္။ အခုထိအသံုးတြင္ေနဆဲပဲ။
စိုးႏိုင္၏ ပန္းခ်ီဟန္ |
ျမန္မာ့ပန္းခ်ီစာေပမွာ ဘာသာျပန္ၿပီး ရွိမရွိ ကြၽန္ ေတာ့္သေဘာေျပာရရင္ေ
သာမန္လူအဖို႔ကေတာ့ စိတ္ကေယာက္ကယက္ ေဖာက္ျပန္သြားဖို႔ပဲရွိတယ္။ အႏုပညာသမားကေတာ့ အဲဒီလိုသြက္သြက္ခါေအာင္ျပင္းျ
စိုးႏိုင္၏ပန္းခ်ီဟန္ |
ဆရာ ေဇာ္ေဇာ္ေအာင္ အဲဒီလိုေရးခဲ့သလို စိုးနိုင္ရဲ႕ ပန္းခ်ီကားေတြကို ကြၽန္ေတာ္ခံစားမိတယ္။
ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ ျမန္မာ့ပန္းခ်ီေလာကကို တေခတ္ဆန္းေစတဲ့ ႏိုင္ငံေက်ာ္ဆရာ
” သူ႔ပန္းခ်ီကားေတြက ငါ့ အေဖ ေရးသလိုမ်ဳိးပဲ ဟဲ့ ” …..တဲ့။
စာေရးဆရာမ ဂ်ဴးကလည္း စိုးနိုင္ ရဲ႕ ျပပြဲတခုက မွတ္တမ္းစာအုပ္ထဲမွာ ေအာက္ပါအတိုင္း ေရးခဲ့ဖူးတယ္။
ကိုစိုးနိုင္
ပန္းခ်ီကားေတြကိုၾကည့္ၿပီးတဲ့
အဲဒီအတြက္လည္းေက်းဇူးတင္လိုက္တာ
1.2.96
စိုးနိုင္ကေတာ့ ” စိတ္ေမြ႔ေလ်ာ္မႈအတြက္သာ ပန္းခ်ီေရးခ်င္ ” လို႔ ဆိုတယ္။ ျပပြဲအမည္ကို အသက္ႀကီးမွ စာစသင္ရတဲ့ အသံုးလံုးသင္တန္းေတြကိုသတိရလို႔ “ဝထကလသ” လို႔ အမည္ေပးသတဲ့။
ကြၽန္ေတာ္ကေတာ့ စာစသင္ခါစက အလြတ္က်က္မွတ္ခဲ့ရတဲ့ ေအာက္ပါစာပိုဒ္ကို အမွတ္ရလိုက္မိပါတယ္။
ညအခါ
လသာသာ
ကစား မလား
နားမလား။
ကြၽန္ေတာ္တို႔ အသက္အ႐ြယ္ေတြက ညအေရး ေကာင္းေကာင္းမွာ ခေခြးအေၾကာင္း မသင္နိုင္ေတာ့သလို ကစားဖု႔ိလည္းအခ်ိန္မရ ၊ နားဖို႔လည္း အခ်ိန္မရတဲ့သူေတြ ျဖစ္ေနၾကၿပီေလ။ ။
သူရထိုက္
သူရထိုက် – ပန်းချီစိုးနိုင်နှင့် ဝ ထ က လ သ (Thura Htike – Soe Naing and His Art Show)
(မိုးမခ) ဧပြီ ၉၊ ၂၀၁၉
ပန်းချီစိုးနိုင် ၏ တကိုယ်တော် ပန်းချီပြပွဲဖိတ်စာ
ကျွန်တော်က ဘာကောင်မှမဟုတ်ပေမယ့် အလုပ်များတဲ့သူတစ်ယောက်ပါ၊ ပုဂ္ဂလိက စက်ရုံငယ်လေးတရုံ မှာ မန်နေဂျာတာဝန်ကို ထမ်းဆောင်တယ်။ ဝန်ထမ်းရေးရာကိစ္စ၊ စီမံရေးရာကိစ္စaတွနဲ့အလုပ်များတယ်။
မဖြစ်ညစ်ကျယ် စာတိုပေစ ရေးသူဆိုတော့ စာရေး စာဖတ်ကိစ္စတွေနဲ့ အလုပ်များတယ်။ ဒီ့အပြင် မိန်းမ ခိုင်းတဲ့ကိစ္စတွေလည်း လုပ်ရသေးရဲ့။ အဲဒီလိုအလုပ်တွေ ရှုပ်နေ များနေတဲ့ကြားက ရန်ကုန်မြို့ ယောမင်း ကြီးလမ်း၊ အမှတ် ၆၅ Gallery 65 မှာပြုလုပ်ခဲ့တဲ့ ပန်းချီ စိုးနိုင်ရဲ့ပန်းချီပြပွဲကို ၂၆.၁.၂၀၁၉ နေ့က ရောက် သွားခဲ့တယ်။
စိုးနိုင်ဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံး အခင်မင်ဆုံးငယ်သူငယ်ချင်းပါ။ သူ မူလတန်းကျောင်းသားဘဝ၊ ကျွန် တော် မူလတန်းကျောင်းသားဘဝကနေ တက္ကသိုလ်ကနေဘွဲ့ရပြီး အလုပ်အကိုင်ကိုယ်စီနဲ့ဖြစ်တဲ့အထိ အိမ်နီးချင်းတွေ၊ ခြံစည်းရိုးတစ်ခုပဲခြားပြီး နေခဲ့ကြသူတွေ၊ မိသားစုချင်း ရင်းနှီးခင်မင်ကြသူတွေဖြစ်လို့ အရင်းနှီးဆုံး အခင် မင်ဆုံးဖြစ်တယ်လို့ ကျွန်တော်သုံးနှုန်းတာ ဖြစ်ပါတယ်။ ငယ်စဉ်အရွယ်ကတည်းက ကျောင်းနေဘက်သူငယ်ချင်း၊ သူက ပန်းချီ ဆွဲ၊ ကျွန်တော်က ကဗျာရေးတော့ လည်း မဂ္ဂဇင်းတိုက်တွေကို အတူတူ တပူးပူးတတွဲတွဲသွားလာခဲ့ကြတဲ့သူတွေဆိုတော့ သူ့အကြောင်းကို သူများတွေထက် ကျွန်တော်ပို သိတယ်လို့ယူသော် ရမှာပါ။
ပန်းချီစိုးနိုင်က သူ့ရဲ့ပန်းချီပြပွဲကို မရောက်ရောက်အောင်လာဖို့ ကျွန်တော့်ကိုပြောတယ်။
သူ့ရဲ့ပန်းချီပြပွဲအမည်ကလည်း အဆန်းသား ၊ ” ဝ ထ က လ သ”.. တဲ့ ၊ သူက အခုလိုဆိုပါတယ်။
” ပြပွဲအမည်ကို အသက်ကြီးမှ စာစ သင်ရတဲ့ အ,သုံးလုံးသင်တန်းတွေကို သတိရလို့ ဝထကလသ လို့ အမည်ပေးမယ်” တဲ့။ ရေးဟန်တွေကတော့ စိုးနိုင် ရေးနေကြရေးဟန်တွေပါပဲ၊ ပန်းချီဝေဖန်ရေးဆရာ အောင်မင်းကတော့ ဒီကူးနင်း(Willem de Kooning) ရဲ့စုတ်ချက်တွေ ဆန်ပါတယ်တဲ့။
ကျွန်တော်က ‘ကိုစိုး’ လို့ခေါ်လေ့ရှိသူစိုးနိုင်ဟာ ဟိုးငယ်ငယ်မူလတန်းကျောင်းသားဘဝကတည်းက ကျန်း မာရေး ချူချာသူ ဖြစ်တယ်။ မကြာခဏ ဖျားတတ်တယ်။ သွေးဖြူဥများပြီး အားနည်းတဲ့ ရောဂါတမျိုးရှိသူ လို့သိရတယ်။ ပန်းချီဆရာဖြစ်လာမယ့်စိုးနိုင်ဟာ ငယ်ငယ်ကတည်းက စက္ကူတွေကိုညှပ်ပြီး အရုပ်ဖြစ် အောင် လုပ်ကစားတယ်။ ရွှံ့နဲ့ အရုပ်လေးတွေလုပ်တယ်။ ကျန်းမာရေး ချူချာသူဖြစ်ပေမယ့်လည်း သိုင်း၊ ကရာတေးတို့သင်ဖူးတယ်။
ရှစ်တန်းနှစ်လောက်မှာ ပန်းချီကိုတော်တော်များများဆွဲခဲ့တယ်။
ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့အချိန် ၁၉၈၁၊ ၁၉၈၂ မှာတော့ ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းက ဖွင့်လှစ်တဲ့ပန်းချီသင်တန်းကို တက်ခဲ့တယ်။ အဲဒီသင်တန်းမှာကြပ်မတ်ပို့ချသူက ပန်းချီဆရာ ကြီး ဦးလွန်းကြွယ်ဖြစ်ပါတယ်။ ဒီ့အပြင် စိုးနိုင်ဟာ ကျွန်တော်တို့ရဲ့တောင်ဥက္ကလာမှာနေထိုင်တဲ့ ပန်းချီ ဦးသိန်းဟံဆီမှာလည်း ပန်းချီပညာကို စနစ်တကျသင်ယူခဲ့ပါသေးတယ်။
ကဗျာဆရာ ဘာသာပြန်ဆရာ စေတနှင့် ပန်းချီစိုးနိုင်
ရန်ကုန်တက္ကသိုလ်ကနေဘွဲ့ရပြီးတဲ့အခါမှာတော့ စိုးနိုင်ဟာ မဂ္ဂဇင်းတွေမှာ သရုပ်ဖော်ပုံတွေရေးဆွဲခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ မော်ဒန်ပန်းချီလို့ လူတွေ ခေါ်ဆိုတဲ့ ပန်းချီကားတွေကို ရေးဆွဲလာခဲ့တာ ဒီနေ့ဒီအချိန်တိုင်အောင် ပါပဲ။ အခုတော့ သူ့ရဲ့လက်ရာပန်းချီကားတွေဟာ ပြည်တွင်းမှာ သာမက ပြည်ပက နိုင်ငံ တကာပြပွဲတွေမှာပါ ခင်းကျင်းပြသ ခြင်း ခံနေရပါပြီ။
ငယ်စဉ်ကလေးဘဝက စက္ကူလေးတွေကို ကပ်ကြေးနဲ့ ကိုက်ညှပ် ပြီး ကစားတတ်သူ၊ ရွှံ့တွေနဲ့ ရုပ်လုပ်ပြီးကစားတတ်သူ စိုးနိုင်က အခုလိုဆိုပါတယ်။
” ကင်းဗတ်တွေ ဆေးတွေနဲ့ရေးနေလို့သာ ကျွန်တော်ပန်းချီ ဆရာရယ်လို့ ဖြစ်လာတာ၊ ရွှံ့ရုပ်ကလေးတွေ သာ တွင်ကျယ်မယ်ဆိုရင် အဲဒီမီဒီယာနဲ့ လုပ်မိမှာပါပဲ၊ စာရေးဆရာဖြစ်မလာခဲ့ပေမယ့် သီကုံးပန်းသွင် ရေး ဖွဲ့ချင်သော် တို့၊ ရသစာတမ်းများတို့ အဲဒါတွေကို တော် တော်လေး လေ့လာခဲ့ဖူးသေးတယ်။
သိပ္ပံမောင်ဝ ရေးတဲ့စာတမ်းမျိုးတွေ ကျွန်တော်က ရေးချင်ခဲ့တာ။ ပန်းချီမှာတော့ရှိပြီးသားသီအိုရီတွေကို ကျွန်တော်မဆန့်ကျင်ပါဘူး။ ဆရာကြီးတွေရေးထားတာတွေ့ရင် အားကျတာပဲ ရှိပါတယ်။ ကျွန်တော် တကယ်လုပ်ချင်တာကျတော့ စာနဲ့အရုပ်နဲ့ဆေးနဲ့ ရောရေးချင်တာမျိုး ဖြစ်တယ်။
တခါတလေ ကျွန်တော့်ဘာသာ ဇဝေဇဝါ ဖြစ်နေတာက ပန်းချီဆရာလို့သာ ပန်းချီဆရာ လို့ခေါ်နေရတာ၊ တကယ်ကျ မီဒီယာ နဲ့ frame ကို အသေမထားချင်ဘူး။ ကြုံရာ စက္ကူ၊ ရွှံ့၊ သင်္ဘောဆေးတွေနဲ့ လွတ်လွတ် လပ်လပ် ကြုံသလိုပဲရေးလိုက်ချင်တာ၊ ပန်းချီကားဆိုတာထက် sketch လေးတွေ၊ အတိုအစလေးတွေ ရေးလိုက်ရတာမျိုးကို ပိုပြီး ကိုယ်လုပ်ချင်တဲ့စိတ်တွေ လွှတ်ချလိုက်ရတယ်လို့ ထင်ပါတယ်။”
စိုးနိုင်ရဲ့ပန်းချီပြပွဲမှာစာအုပ်လေးတစ်အုပ်ရောင်းနေတာလည်း တွေ့မိတယ်။ စာအုပ်ကလေးရဲ့ နာမည်က လည်း “ဝထကလသ” ပါပဲ၊ အဲဒီစာအုပ်ထဲမှာ စိုးနိုင် နဲ့ ပတ်သက်ပြီး စာရေးဆရာတွေ ရေးထားတဲ့ဆောင်း ပါးတွေ၊ စိုးနိုင်ရေးဆွဲခဲ့တဲ့ပုံတွေ၊ စိုးနိုင်လုပ်ခဲ့တဲ့ပြပွဲတွေမှာ ပန်းချီဆရာ၊ကဗျာဆရာ၊ စာရေးဆရာတွေ ရေးသားခဲ့တဲ့မှတ်တမ်းတွေကို ဖော်ပြထားတာတွေ့ရတယ်။
ဒီ့အပြင် စိုးနိုင်က သူ့ရဲ့အတွေ့အကြုံတွေကိုရေးဖွဲ့ထားတဲ့ ရသစာတမ်းဆန်ဆန် စာပိုဒ်တွေလည်း တွေ့ရ တယ်။ စိုးနိုင်ရဲ့ ပြုလုပ်ပြီးစီးသွားခဲ့တဲ့ ပြပွဲတွေရဲ့ဖိတ်စာတွေကိုလည်း ဖော်ပြထားတာတွေ့ရတယ်။
စိုးနိုင်က လူပျိုကြီးပါ၊( ကြုံတုန်းကြော်ငြာခမရဘဲနဲ့ ကြော်ငြာလိ်ုက်တာ ) သူ့ရဲ့ ‘ မူးမူး နဲ့ မေ့ခဲ့ ‘ ဆိုတဲ့ စာပိုဒ်ထဲမှာ အောက်ပါအတိုင်း ရေးထားတာကို ဖတ်လိုက်ရတယ်။
” သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်တဲ့၊ အချိန်တန်ရင်တော့လို့ အောက်မေ့မိခဲ့တယ်။ ဘယ်ဟုတ်မလဲဗျာ။ အားထုတ်မှုတော့ပါမှပေါ့ ။”
စိုးနိုင်က ကျန်းမာရေးချူချာသူဆိုတော့ သူ့ရဲ့ပုံပန်းသဏွာန်က သာမန်လူတွေလို တောင့်တောင့်တင်းတင်း ပုံသဏွာန်မျိုးမရှိဘူး။ အဲဒီအထဲ မျက်လုံးကလည်း ဝါသေးတယ်။ အဲဒါကြောင့် တခါက ဘတ်စ်ကားပေါ်မှာ ယှဉ်ပြီးထိုင်နေတဲ့သူကသူ့ကို အခုလိုပြောသတဲ့။
” အသောက်လျှော့လေ မျက်လုံးတွေ ဝါနေတယ် “…တဲ့။
စိုးနိုင်ကတော့ ဘာမျှမဖြေရှင်းလိုက်ပါဘူး။ အမှန်တကယ်တော့ စိုးနိုင်ဟာ အရက်သောက်တတ်သူ မိတ်ဆွေတွေကြားထဲမှာ အမြည်းလိုက်စားတတ်သူပဲဖြစ်တယ်။
ကျွန်တော်တို့ကျောင်းသားဘဝ ၁၉၈၀-၈၁ ခုနှစ်လောက်ကပေါ့။
စာရေးသူ၊ ပန်းချီဆရာကြီးမောင်ဒီနှင့် စိုးနိုင်
အဲဒီအချိန်က ကျွန်တော်တို့ နှစ်ဦး အမှတ်( ၂ )ဒေသကောလိပ်၊ ရန်ကုန်မှာ ဒုတိယနှစ်တက်နေကြတာပါ။ တခါတော့ ကျောင်းထဲမှာလုပ်တဲ့ ပန်းချီပြပွဲကို ကျွန်တော်တို့ နှစ်ယောက်သွားကြည့်ခဲ့ကြတယ်။ အဲဒီမှာ ဖန်တီးတီထွင်မှုမျိုးစုံနဲ့ ပြုလုပ်ရေးဆွဲထားတဲ့ ပန်းချီကားတွေကိုတွေ့ရတယ်။ ဖန်တီးတီထွင်မှုမျိုးစုံဆိုတာက ကွာစေ့ခွံတွေ ကပ်ထားတဲ့ပန်းချီကားတွေ၊ စက္ကူစတွေကိုကပ်ထားတဲ့ပန်းချီကားတွေ အမျိုးမျိုးကို ဆိုလို တာပါ။ တချို့ပန်းချီကားတွေကိုကျွန်တော်သဘောကျမိတယ်။
‘ အပြစ်မဲ့နှလုံးသား’ ဆိုတဲ့ပန်းချီကားမှာ မျဉ်းကျားပေါ်မှာ ကားတိုက်ခံရတဲ့လူတစ်ယောက်ပုံကိုရေးပြထား တာ၊’ သူမမုန်းသွားပြီးတဲ့နောက်’ ဆိုတဲ့ပန်းချီကားမှာ ဓာတ်တိုင်တွေရွဲ့စောင်းနေပုံ ကိုရေးဆွဲထားတာတွေ ကို ကျွန်တော်သဘောကျမိတဲ့အကြောင်းစိုးနိုင်ကို ကျွန်တော်ပြောမိတယ်။ မှတ်မိသေးရဲ့။ စိုးနိုင်က အခုလို ပြောခဲ့တယ်။
‘ အဲဒါ ပန်းချီလားဟင် ‘ တဲ့။
နှစ်တွေကုန်လွန်ကြာမြင့်ခဲ့ပြီး ဒီနေ့ဒီအချိန်မှာ စိုးနိုင်ရဲ့ပန်းချီပြပွဲတွေကို ကျွန်တော်ရောက်တဲ့အခါ လူနဲ့ တူစေတဲ့၊ လူလို့ထင် ရတဲ့၊ အမှန်တကယ်တော့လည်း လူမဟုတ်တဲ့ တစုံတခုကိုဖော်ညွှန်းနေတယ်လို့ ယူဆရတဲ့ပန်းချီကားတွေကို ကျွန်တော်တွေ့ရမြင်ရပါတယ်။ အဲဒီလိုပန်းချီကားတွေကိုရေးဆွဲနေတဲ့ကျွန် တော့်သူငယ်ချင်း ကိုစိုး( ပန်းချီစိုးနိုင် ) က ကျွန်တော့်ကို အခုလိုမေးပြန်တယ်။
” ကျောင်းတုန်း က ပန်းချီပြပွဲမှာ ပန်းချီကားတွေကြည့်ကြရင်း မင်းကို ငါပြောခဲ့တာမှတ်မိလား ”
ကျွန်တော်က မှတ်မိတဲ့အကြောင်းပြောတဲ့အခါ သူက ဆက်ပြီး မေးပြန်တယ်။
” အခု မင်း ငါ့ကို ဘယ်လိုမြင်သလဲ ”
ကျွန်တော်ပြန်ပြောလိုက်မိတယ်။
” မင်းကပိုပြီးမြင့်သွားပြီလေ”
စိုးနိုင်၏ပန်းချီကားတချပ် …
အဲဒီစကားကသူ့ကိုကျွန်တော် ရွဲ့ပြီးပြောတဲ့စကားမဟုတ် ပါဘူး။ အမှန်တကယ်ပြောတဲ့စကားပါ၊ ဆရာ ဇော်ဇော် အောင် ရဲ့” စိုးနိုင် နှင့် သူ၏ပန်းချီကားများ ” ဆောင်းပါးမှာ အောက်ပါအတိုင်းရေးခဲ့သလိုပါပဲ၊
” စိုးနိုင်၏ ပန်းချီကားများကို ကြည့်နေစဉ်အချိန်အတော အတွင်း ကျွန်တော့်စိတ်ထဲသို့ angst ဟူသော စကားလုံး ရောက်ရှိလာပါတယ်။ angst ဟူသော ဂျာမန်ဘာသာ စကားလုံးကို အင်္ဂလိပ်က ဘာသာမပြန် ဘဲယူသုံးခဲ့ ကြတယ်။ အခုထိအသုံးတွင်နေဆဲပဲ။
စိုးနိုင်၏ ပန်းချီဟန်မြန်မာ့ပန်းချီစာပေမှာ ဘာသာပြန်ပြီး ရှိမရှိ ကျွန် တော့်သဘောပြောရရင်တော့ ပူပန် ကြောင့်ကြ ဖြစ်ခြင်း၊ ဗျာပါဒဆိုတဲ့ အနက်အဓိပ္ပာယ်တွေ ပါပါတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်း ၊ ကြောင့်ကြ ခြင်း၊ ပူဆွေးခြင်း စတာတွေဟာ ပြင်းပြင်းထန်ထန် လှုပ်လှုပ်ရှားရှား ဖြစ်ကြတယ်။ မခံမရပ်နိုင်အောင် သွက်သွက်ခါဖြစ်ကြတယ်။
သာမန်လူအဖို့ကတော့ စိတ်ကယောက်ကယက် ဖောက်ပြန်သွားဖို့ပဲရှိတယ်။ အနုပညာသမားကတော့ အဲဒီလိုသွက်သွက်ခါအောင်ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ အနုပညာတွေဖန်တီး ထွက်ပေါ်လာတော့တာ ပါပဲ။”
စိုးနိုင်၏ပန်းချီဟန်
ဆရာ ဇော်ဇော်အောင် အဲဒီလိုရေးခဲ့သလို စိုးနိုင်ရဲ့ ပန်းချီကားတွေကို ကျွန်တော်ခံစားမိတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မြန်မာ့ပန်းချီလောကကို တခေတ်ဆန်းစေတဲ့ နိုင်ငံကျော်ဆရာကြီး ဗဂျီ အောင်စိုးရဲ့သမီး ဒေါ်တင်တင်စိုးဟာ စိုးနိုင်နဲ့ ကျွန်တော်တို့ရဲ့မူလတန်းကျောင်းသားဘဝက စာသင်ပေးခဲ့တဲ့ဆရာမ ပါ။ တခါက စိုးနိုင်ရဲ့ ပြပွဲတခုမှာ ဆရာမနဲ့ကျွန်တော် ဆုံမိတယ်။ ဆရာမက အခုလိုပြောခဲ့ဖူးပါတယ်။
” သူ့ပန်းချီကားတွေက ငါ့ အဖေ ရေးသလိုမျိုးပဲ ဟဲ့ ” …..တဲ့။
စာရေးဆရာမ ဂျူးကလည်း စိုးနိုင် ရဲ့ ပြပွဲတခုက မှတ်တမ်းစာအုပ်ထဲမှာ အောက်ပါအတိုင်း ရေးခဲ့ဖူးတယ်။
ကိုစိုးနိုင်
ပန်းချီကားတွေကိုကြည့်ပြီးတဲ့အခါ ကျွန်မ နဲ့ ကိုစိုးနိုင် စကားတွေအများကြီးပြောပြီးသွားပြီဆိုတာကို သိလိုက်ရပါတယ်။ ကျေနပ်သွားတဲ့အခါလည်းရှိ နာကျင်သွားတဲ့အခါလည်းရှိတာပေါ့။ ဒါပေမဲ့ ပြောချင်တဲ့စကားတွေပြောလိုက်ရပြီလို့ ခံစားရပါတယ်။
အဲဒီအတွက်လည်းကျေးဇူးတင်လိုက်တာ။
ဂျူး
1.2.96
စိုးနိုင်ကတော့ ” စိတ်မွေ့လျော်မှုအတွက်သာ ပန်းချီရေးချင် ” လို့ ဆိုတယ်။ ပြပွဲအမည်ကို အသက်ကြီးမှ စာစသင်ရတဲ့ အသုံးလုံးသင်တန်းတွေကိုသတိရလို့ “ဝထကလသ” လို့ အမည်ပေးသတဲ့။
ကျွန်တော်ကတော့ စာစသင်ခါစက အလွတ်ကျက်မှတ်ခဲ့ရတဲ့ အောက်ပါစာပိုဒ်ကို အမှတ်ရလိုက်မိပါတယ်။
ညအခါ
လသာသာ
ကစား မလား
နားမလား။
ကျွန်တော်တို့ အသက်အရွယ်တွေက ညအရေး ကောင်းကောင်းမှာ ခခွေးအကြောင်း မသင်နိုင်တော့သလို ကစားဖို့လည်းအချိန်မရ ၊ နားဖို့လည်း အချိန်မရတဲ့သူတွေ ဖြစ်နေကြပြီလေ။ ။