ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ကြောင်လိမ်လှေခါးပေါ်မှာ

ဆောင်းယွန်းလ ● ကြောင်လိမ်လှေခါးပေါ်မှာ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၉

ယဉ်ကျေးမှုနယ်လွန်ခဲ့တဲ့ သံစဉ်ထဲ
ရိုင်းပျခြင်းက သီချင်းလေးတအေးအေးဘဲ
လေအဟုန်ဆန်ဖို့ ခြေစုန်ကန်မှ
အထပ်တရာတိုက်ထဲ စီးကရက်ငြိမ့်ငြိမ့်လေးခဲနိုင်မယ့် အ,ကာလကြီး
ဘဝမီးတောက်ကို
မူးယစ်မှုနဲ့ ဖြေဖျောက်ထားရတာက ပျော်စရာ
သတင်းများများဖတ်လေလေ ဦးနှောက်များများပျက်လေလေဘဲ
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လက်ဖက်ရည်ခွက်များလည်း
အီလက်ထရောနစ် ကြမ်းပြင်ပေါ်မှာ အေးစက်သွားရုံသက်သက်
အမှတ်သည်းခြေဟာ ခဲလေသမျှသဲရေကျ
ကြယ်တွေအကြောင်းပြောပြဖို့
မြေကြီးကို ငုံ့ကြည့်နေရပြီး
ဖြစ်ရပ်မှန်တွေကို နားထောင်ဖို့အတွက်
ကိုယ့်အသက် ကိုယ်စတေးပေးရမယ့်ကိန်း
တွက်ခြေမကိုက်တော့ သက်သေလိုက်ရတာ အရာမရောက်ဘူး
မျက်ရည်ဘဏ်တိုက်ကို သော့ခတ်ပြီး
ပေါ့ပျက်ပျက်ခံစားပေးလိုက်မှ လေးလေးပင်ပင်ဖြစ်သွားတဲ့ ထုံးစံမို့ 
ရုန်းကန်ရမယ့် ခြေထောက်တွေကို ဗုံးဆန်ထဲထည့်ရင်း
မီးလောင်တိုက်သွင်းလိုက်ရတဲ့ ခရီး
ဝင်္ကဘာကြီးကို တွဲလွဲခိုစီးမိခဲ့တဲ့ နှစ်ပေါင်းများစွာ
ပျားသကာလိုချိုတယ်ဆိုလို့ အဆိပ်ကိုမြိုခဲ့မိပါတယ်။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts