ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ငါးမျှားတံရဲ့ မြှုပ်ကွက်

Than Htay Maung

 ကျော်ဟုန်း – ငါးမျှားတံရဲ့ မြှုပ်ကွက်

(မိုးမခ) မတ် ၁၂၊ ၂၀၁၉

ငြိပြီ၊

တဖက်က
ရမ္မက်နဲ့ ဆွဲတယ်။

တဖက်က
ဇောနဲ့ ရုန်းတယ်။

တဖက်နဲ့ တဖက်
ဆွဲ ရုန်း ကြားမှာ
တဖက်နဲ့ တဖက်
ရမ္မက်နဲ့ ဇောကြားမှာ
မျှားတံဟာ
ကွေးညွှတ်နေတယ်။

နောက်ဆုံး မျှားတံဟာ
အားမတန် မာန်လျှော့ရသူကို ကျောခိုင်း
အားကြီးရာဖက် ယိမ်းတော့တာပဲ။

လောကသားချင်းတူပေမယ့်
လောကဘုံအဆင့် ကွဲတာနဲ့
ကြီးနိုင် ငယ်ညှဉ်းလုပ်ရပ်မှာ
တရားဥပဒေဟာ မရှိ
မတရားဟာ တရားနေသယောင်။။

ကျော်ဟုန်း
၂၀၂၉၀၃၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts