ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

စံညိမ်းဦး – ရပ်မရတဲ့ရဟတ်

KT#
ရပ်မရတဲ့ရဟတ်
စံညိမ်းဦး
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၉

ငါ့မှာ
ပုစွန်ဆီရောင် မိုးသား မိုင်းတွေအောက်
သွေးထဲက လဲမှိုပွင့်များကိုလည်း ဖမ်းမမိ။

လူဆိုတာ
အရိုးတွေနဲ့ဆောက်ထားတဲ့မျှော်စင်။

သေလို့မဆုံး
ရေထဲက ‘လ’ ကို ကွန်ပစ်ရင်း
ဖွဲတွေ
သဲတွေ။

အင်ဂျင် ကျနေပြီ
ဝါယာတွေ ဆွေးနေပြီ
နောက်ကြည့်မှန်လည်း တစဆီပဲ။

ငှက်လေးတွေ
ငါ့ကိုယ်ထဲဖြတ်ပြီး ပျံသွားတဲ့အခါ
ငါ့နာမည်ကို ငါမခေါ်တတ်တော့ဘူး အချစ်ရယ်။

ဒဏ်ရာရခွေးဟာ
အလွမ်းပူပူသိပ် ပြာပုံမှာ ဝပ်နေတယ်။

တနေ့
အရိုးစုလို ပြိုကျကြရမှာတွေ။

ငါတို့ဟာ
အားသွင်းကြိုး ခေါင်းတွေကို
မကြာမကြာ ပြန်စစ်ကြရတယ်။

စံညိမ်းဦး
၁၉၁၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts