ရသဆောင်းပါးစုံ

တိုးနှောင်မိုး – ကဗျာဆရာ အယ်ဒီတာ ယမုံကွယ်လွန်ခြင်းအတွက် သိသိချင်း ရေးခြစ်မိခြင်း

ယမုံ

 ကဗျာဆရာ အယ်ဒီတာ ယမုံကွယ်လွန်ခြင်းအတွက် သိသိချင်း ရေးခြစ်မိခြင်း
တိုးနှောင်မိုး
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၉


အစ်ကိုယမုံရေ
လူဘဝဆိုတာ
အဝတ်လှန်းတဲ့တန်းပြတ်ကျသလို။

အစ်ကိုရေ လူဘဝဆိုတာ
သေမင်းကအနားမှာရှိနေပြီး
ဘွားခနဲလက်ဆွဲခေါ်သလိုပါပဲ။

အစ်ကိုရေ
တိမ်တွေအတိုင်း
လူ့ဘဝဆိုတာ လွင့်မျောနေတာပဲ။

ရထားပေါ်မှာ အစ်ကိုနဲ့ဆုံတယ်
ကားပေါ်မှာအစ်ကိုနဲ့ဆုံတယ်
fashion မဂ္ဂဇင်း ၂၉ လမ်းကိုအေးကိုအခန်းမှာ
အစ်ကိုနဲ့ဆုံကြတယ်
အခုထပ်ဆုံဖို့အစ်ကိုကကြိုသွားပြီး
ကြိုစောင့်နေပြန်ပြီ။

မာရီအင်တွိုင်းနက်ကိတ်မုန့်တွေယူသွားလား
မြစ်ဆုံကိစ္စရောပါလား
ဆရာမောင်သာချိုဟောပြောပွဲတွေပါလား
ဆရာကိုနေစိမ့်အတည်ပေါက်အလွှဲတွေပါလား
ဆရာကိုခင်လွန်းအဝေးပြေးနေ့စွဲတွေပါလား
ဆရာအောင်ဝေးကတော့လွမ်းနေအုံးမှာပဲ
ကျနော်လာခဲ့မယ် အဲ့ဒီက ဆက်ဆက်စောင့်ပါ။

အစ်ကိုယမုံရေ
အစ်ကိုပြောခဲ့သလို
လူ့ဘဝဆိုတာ
သမိုင်းတစ်ကွက်ထဲက
ပျားရည်တစ်စက်ပဲဆိုတာ။ ။

(၁၈၊ ဇန်နဝါရီ၊ ၂၀၁၉ သောကြာနေ့နံနက် ၁၀း၄၂) နာရီအချိန်တွင် ကဗျာဆရာ အယ်ဒီတာဖြစ်သူ ယမုံ သည် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts