ကဗျာ

ဖိုးနီ – ဗိုလ်ကျော်ဇော အလွမ်းပြေ

ဗိုလ်ကျော်ဇော နှစ် ၁၀၀ ပြည့် အကြို တင်ဆက်မှု

ဖိုးနီ – ဗိုလ်ကျော်ဇော အလွမ်းပြေ

(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၉

ချစ်ရဲဘော်ရေ
အလွမ်းတွေ ထားရစ်ခဲ့ပေါ့
ဒီမှာတော့ တသသ ကျန်ရစ်ပြီ။

ရပ်တည်မှု ရှင်းတယ် ပြတ်တယ်
ပြည်သူတွေကို ရင်ဘတ်နဲ့ချစ်တဲ့
သင်ဟာ
မြေကမ္ဘာကို မြဲမြဲဆုပ်ကိုင်
မှတ်တိုင်တခု စိုက်ခဲ့ပြီ။

အဘိဓမ္မာကိုရှာ
ဝိဇ္ဇာပညာတောင်တက်ခရီးမှာ
မျက်နှာမူရာ မမှားခဲ့ဘူး။

သတ္တိစွန့်လွှတ်မှု
ပတ္တမြားရည်လို စုဖွဲ့သိပ်သည်း
သမိုင်းမြစ်တစင်း
စီးဆင်းခဲ့ပြီ။

ပြည်သူတွေရဲ့ဒုက္ခ
ဝေမျှခံစား သင့်နှလုံးသားမှ
သောက စိတ်ချလက်ချသာ ချန်ထားခဲ့ပါ။

သင့်အရိုးပြာ
ဝသုန်မြေရဲ့ တနေရာ
ဘယ်နေရာမှာရှိရှိ
ပြည်သူတွေရဲ့ နှလုံးအိမ်
အနက်ရှိုင်းဆုံးနေရာ သင်ရှိနေမှာ
အသေအချာ ဖြစ်တယ်။

ချစ်ရဲဘော်ရေ …
တသက်တာဘဝ
ဒါနကုသိုလ် ပြုလိုက်ရပြီပဲ
ကျေနပ်ပါတော့ … ။ ။

(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောသို့ နောက်ဆုံးဂါရဝ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts